"ရော့ မင်းအတွက်"
ဆောင့်ဆောင့်အောင့်အောင့်ဖြင့် လွန်းပြည့်နောင်ထံမှ မာနကျော်စွာထံသို့ အတင်းထိုးပေးလိုက်သော စိတ်ဆိုးဆိုးဖြင့် ဖြစ်ညှစ်ထားဟန်တူသည့် ဘူးလေး တစ်ဘူး
"အာ.....အဲ့တာ ဘာကြီးလဲ ပြည့်ပြည့်"
မာနကျော်စွာတစ်ယောက် ကြောင်အအဖြစ်ကာ ထိုဘူးကို လက်ညှိုးထိုးပြီး ပြန်မေးလေသည်
"အင်း အဲ့တာ....အဲ့တာ...ဟိုဟာ"
"ဟမ်...ဘာကြီးလဲ"
"အဲ့တာ...အဲ့တာ...ဟိုဟာပါဆိုနေ"
"အင်းလေ ပြည့်ပြည့်ရဲ့ အဲ့ဒီ့မင်းပြောတဲ့ အဲ့တာ အဲ့တာ ဟိုဟာကြီးကိုပဲ ဘာကြီးလဲလို့မေးတာ"
"Sandwichလေအဲ့တာ မင်းကြိုက်မယ်ထင်လို့ အိမ်ကနေ ယူလာတာ အဟင်း..ငါနာနတ်ယိုတော့ မထည့်ဘူး မင်းပဲ ဓာတ်မတည့်ဘူးဆိုလို့ အသားပြားနဲ့တစ်ခု ယိုနဲ့တစ်ခု ကြိုက်တာစား မဟုတ်ဘူး နှစ်ခုလုံးစား ဒါနဲ့ အသားပြားနဲ့ဟာက ချိစ့်ပါထည့်ထားတာ မင်းနို့ထွက်ပစ္စည်းတွေနဲ့တော့ ဓာတ်တည့်တယ်မလား ယိုကတော့ မင်းကြိုက်လောက်မလား မသိပေမဲ့ ငါ စတော်ဘယ်ရီယို ထည့်ပြီး အသီးတွေပါ ထည့်ညှပ်ထားတာ နောက်ပြီး စားပြီးရင်လဲ Reviews လေးပေးအုန်း စားကောင်းလား မကောင်းဘူးလားဆိုတာ အဟမ်း လည်ချောင်းတွေတောင် ခြောက်လာသလိုပဲ ငါသွားပြီ bye bye မာန ငါမုန့်စျေးတန်းသွားတော့မယ်............"
လွန်းပြည့်နောင်တစ်ယောက် စကားတွေ တရစပ်ပြောပြီးနောက် မာနကျော်စွာတစ်ယောက် ဘာမှပြန်မပြောရသေးခင်မှာပဲ အရင်ဦးအောင်ထွက်သွားလေသည်
အခန်းထဲမှ ထွက်သွားသော ကျောပြင်လေးအား ကြည့်လျက် မာနတစ်ယောက် ပြုံးယောင်ယောင်ဖြစ်လာမိသည် သူဘယ်လိုလုပ်ပြီးများ တကယ်လုပ်လာပေးရတာလဲ ဟုပင် တွေးမိလိုက်သေးသည်....လွန်ခဲ့သော၁ရက်ခန့်က...
"ဆရာမ တွေကလဲ ဘာမှန်းလဲမသိဘူး ကျောင်းချိန်ကိုလဲ ပြောင်းချင်သလိုပြောင်းတယ် စာတွေလဲအများကြီးပေးတယ်"
မာနကျော်စွာတစ်ယောက် တံမြက်စည်းလှည်းရင်း ဆူပုတ်ပုတ်ဖြင့်ဆိုလာသည်
YOU ARE READING
Maze🍀
Romanceမာနကျော်စွာ - လွန်းပြည့် မင်းက ဝင်္ကပါတစ်ခုလိုပဲ ချစ်မိသွားရင် လက်လွှတ်ဖို့ခက်တယ် ငါကလေ တစ်သက်လုံး ဒီလွန်းပြည့်နောင်ဆိုတဲ့ ဝင်္ကပါထဲမှာ လျှောက်သွားနေမှာကွ ထွက်ပေါက်တွေ့ရင်တောင် မထွက်ဘူးကွာ မင်းဖြစ်နေလို့ မင်းဆီက မထွက်သွားချင်လို့ကွ လွန်းပြည့်နော...