ထိုအခါတွင်.......
လွန်းပြည့်နောင်သည် ရုတ်တရက် ကြောင်အကာ မာနကျော်စွာအား ကြည့်နေသည်။
မာနကျော်စွာ သည်လည်း ချစ်စဖွယ် puppy eyeလေးများဖြင့် မျက်နှာအား မဲ့ကာ ပြန်လည်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သား တစ်ဦးကိုယ်တစ်ဦးကြည့်နေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ နံဘေးဆီမှ မြင့်မြတ်သောမောင်၏ ချောင်းဟန့်သံ ကြားကာမှ မာနကျော်စွာသည် လွန်းပြည့်နောင်၏ လက်ဖမိုးအား ကိုင်ထားသည်ကို ယောက်ယမ်းကာ လွှတ်ချလိုက်လေသည် ပြီးနောက် အတန်းထဲတွင် စာသင်လျက်ရှိသော မြန်မာစာ ဆရာမပြောလိုက်သည့် စကားတစ်ခွန်းကြောင့် တစ်တန်းလုံး တဝါးဝါးတဟားဟားဖြင့် ရယ်ကြပြီး ပွဲကျသွားကြလေသည်
ထိုစကားမှာကား" ဒုတိယခုံတန်းက သားလေးနှစ်ယောက်က ဘောပင်ပျောက်သွားတာ ကူရှာပေးရအုန်းမလားကွဲ့ ကြည့်ရတာ အခုရှာတွေ့ကြပြီလား နှစ်ယောက်သား ငုံ့ရှာနေကြတာ ငါသတိထားမိသလောက် တော်တော်ကြာသွားပြီထင်တယ်"
မာနက ထိုစကားကို စပ်ဖြီးဖြီးဖြင့် ယခုလို ပြန်လည်ပြောဆိုလိုက်သည်မှာ
"ဟီးဟီး ဆရာမမှမသိတာ သားဘောပင်က အဝီစိငရဲရဲ့ အောက်ဆုံးထပ်ထိကျသွားလို့ မနည်းပြန်ကောက်လိုက်ရတာ ဒါတောင် ဒေဝဒတ်က ကြိုက်လို့ပေးပါတဲ့ သားကလဲ မပေးနိုင်ပါဘူး မရရအောင် ပြန်တောင်းလာရတာပေါ့ "
ထိုသို့ပြန်လည်ပြောလိုက်ခြင်းကြောင့် ဆရာမ အပါအဝင် တစ်တန်းလုံးပွဲကျသွားရရှာသည် ထိုအချိန်တွင် စိတ်ကောက်ပြေချင်သလိုလိုဖြစ်နေသည့် 'လွန်းပြည့်နောင်'မှာကား မျက်နှာကိုစူပုပ်ထားလျက်
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကိုအသည်းသန်တွေးတောနေပြီး မပြုံးမရယ်နိုင်သူ တစ်ဦးရှိနေခဲ့သည် ထိုသူမှာကား 'မြင့်မြတ်သောမောင်'....Time skip(စာသင်ချိန်တွေဆို ရေးရမှာ ပျင်းတယ်:D)
At မုန့်စားဆင်းချိန်
စတင်ကောက်ချိတ်သွားသည့်သူမှာ လွန်းပြည့်နောင် ဖြစ်သော်လည်း ချော့သည်ကို စိတ်ကောက်မပြေသဖြင့် ထပ်မံစိတ်ဆိုးသွားသူမှာကား မာနကျော်စွာ....

YOU ARE READING
Maze🍀
Romanceမာနကျော်စွာ - လွန်းပြည့် မင်းက ဝင်္ကပါတစ်ခုလိုပဲ ချစ်မိသွားရင် လက်လွှတ်ဖို့ခက်တယ် ငါကလေ တစ်သက်လုံး ဒီလွန်းပြည့်နောင်ဆိုတဲ့ ဝင်္ကပါထဲမှာ လျှောက်သွားနေမှာကွ ထွက်ပေါက်တွေ့ရင်တောင် မထွက်ဘူးကွာ မင်းဖြစ်နေလို့ မင်းဆီက မထွက်သွားချင်လို့ကွ လွန်းပြည့်နော...