မာနထွက်လာခဲ့သည့်နေရာ မုန့်စျေးတန်း သို့ဖြစ်ပြီး အတွေးများကာ ခေါင်းငိုက်စိုက်ထားလျက် လမ်းလျှောက်ရင်း သူသည် ခဏအကြာတွင် ယောက်ျားလေး တစ်ဦးဖြင့်တိုက်မိလေသည် ထိုသူမှာ...ခွန်းသုခနိုင်
"ဟာ..မာန"
"ဟင်"
"ဘာဖြစ်လို့လဲ မင်းကြည့်ရတာ မှိုင်ထွေနေသလိုပဲ တစ်ခုခုအဆင်မပြေတာရှိလို့လား အကိုဘာကူညီပေးရမလဲ"
"အာ...ဘာမှမဟုတ်ပါဘူး အကိုရာ"
"အေးပါ"
ခွန်းသုခနိုင်သည် သူ၏ထုံးစံအတိုင်း ပါးချိုင့်များပေါ်အောင် ပြုံးပြသည်
ကိုခွန်းသုခနိုင်ယခုလို ပြုံးပြလိုက်သည်ကို မြင်ရသည့်မာန၏ ရင်တွင်နွေးထွေးမှု တစ်ခု ခံစားလိုက်ရသည် မှာအမှန်ပင်"မင်းဘာဝယ်မလို့လဲ"
"ဟင်"
"မင်းက မုန့်စျေးတန်းကို အခုရောက်နေတာလေ ဘာမှမဝယ်ပဲနဲ့တော့ မနေဘူးမလား"
ခွန်းသုခ ယခုလို သတိပေးစကားဆိုခါမှပဲ မာနတစ်ယောက် သူ မုန့်စျေးတန်းလာရသည့် ရည်ရွယ်ချက်ကို သတိရလေသည်
"အာ...ကျွန်တော်က အနာကပ်ပလာစတာ ဝယ်မလို့"
"အနာကပ်ပလာစတာ ဟုတ်လား မင်းဘာဖြစ်လို့လဲ ဓားရှတာ ဒါမှမဟုတ် ချော်လဲတာလား ဘယ်နားဘာဖြစ်လို့လဲ"
ခွန်းသည် မာန၏ လက်များအား ဖင်တပြန် ခေါင်းတပြန် လှန်၍ကြည့်လျက် ပြောသည်
"အကိုဗျာ..ကျွန်တော်က ဘာမှမဖြစ်ပါဘူး အခုလာဝယ်တာက ပြည့်ပြည့်ဖို့ပါ"
"အော်...မင်းပြောဖူးတဲ့ လွန်းပြည့်နောင် အတွက်ကိုး "
"ဟုတ်တယ်အကို သူကလေ ဘယ်တော့မှကိုယ့်ကိုကိုယ် ဂရုတစိုက်မရှိဘူး ခုလဲကြည့်လက်က ဓားရှရာကို ဒီတိုင်းပစ်ထားတယ်လေ အဲ့တော့ ကျွန်တော်ကပဲ ဂရုစိုက်ရတော့တာပေါ့"
"အင်း....ဒါပေါ့ အကိုသွားတော့မယ်နော် မာန"
"ဟုတ်ကဲ့ဗျ"
"အန်တီခင်ဗျ ကျွန်တော့်ကို အနာကပ်ပလာစတာ ၂ခုလောက်ပေးပါ"
"ရမယ် သားလေး ခဏ"
YOU ARE READING
Maze🍀
Romanceမာနကျော်စွာ - လွန်းပြည့် မင်းက ဝင်္ကပါတစ်ခုလိုပဲ ချစ်မိသွားရင် လက်လွှတ်ဖို့ခက်တယ် ငါကလေ တစ်သက်လုံး ဒီလွန်းပြည့်နောင်ဆိုတဲ့ ဝင်္ကပါထဲမှာ လျှောက်သွားနေမှာကွ ထွက်ပေါက်တွေ့ရင်တောင် မထွက်ဘူးကွာ မင်းဖြစ်နေလို့ မင်းဆီက မထွက်သွားချင်လို့ကွ လွန်းပြည့်နော...