မနက်၇နာရီ၃၅မိနစ်
အပြောင်းအလဲဖြစ်လွန်းသည့်ကျောင်းတက်ချိန်များကြောင့် မာနကျော်စွာတစ်ယောက် ကျောင်းရှိဆရာ/ဆရာမ များအပေါ်စိတ်အချဥ်ပေါက်နေမိသည်
အကြောင်းမှာ သူသည် အိပ်ရာမှစောစောမထတတ်သောကြောင့်ပင်
အိပ်ရာစောစောမရခြင်းမှာလည်း နောက်ကျမှ အိပ်ခြင်းကြောင့်ဖြစ်ပြီး နောက်ကျမှအိပ်ရခြင်း၏ အကြောင်းအရင်းမှာ လွန်းပြည့်နောင်
ထိုလူသားနဲ့သူသည် မနေ့ညတစ်ညလုံးနီးပါး စကားပြောခဲ့ခြင်းကြောင့်ပင်
ထိုလူနဲ့တစ်ညလုံးစကားပြောမိတာ သူ့ကိုယ်သူပင် မယုံကြည်နိုင်
သူသည် မည်သူ့အတွက်နှင့်မျှ တညလုံးနီးပါး စကားမပြောဖူးပေ
အတွေးများစွာဖြင့် ကျောင်းသို့လမ်းလျှောက်လာစဥ်.....တီ....တီ....
"အရှေ့က ဂျပုကောင်လေး"
စက်ဘီးဟွန်းသံနှင့်အတူ ထွက်ပေါ်လာသော ထိုအသံ
အသံပိုင်ရှင်ကား တခြားလူမဟုတ်
ကိုခွန်းသုခနိုင်..."ဟာဗျာ အကိုကလဲ"
"ကေျာင်းကို သွားမှာမလား
အကိုနဲ့လိုက်မလား"မာနကျော်စွာတစ်ယောက် နာရီကိုကြည့်မိတော့ ၇နာရီ၄၅မိနစ်
၈နာရီအတိဆိုကျောင်းတတ်ပြီ
သူလမ်းလျှောက်သွားရင်လဲ မှီတော့မှာမဟုတ်"အင်း လိုက်မယ်လေ အကို"
"မင်းက အိပ်ရာထနောက်ကျတာလား ဂျပုလေးရဲ့"
"အကိုကလဲဗျာ ကျွန်တော့ကို ဂျပုလို့တော့မခေါ်ပါနဲ့ဗျာ ကျွန်တော်က ရှည်ပါတယ်ဗျာ့"
"ဒါပေမဲ့ အကိုက မင်းထပ်ရှည်တယ်လေ"
"အကိုက လောရှည်ကြီးဖြစ်နေတာလေဗျာ ကျွန်တော်ပုတာမှမဟုတ်တာ ပြည့်ပြည့်နဲ့ဆို အရပ်ကအတူတူလောက်ပဲ သိလားဗျာ့"
ခွန်းသုခနိုင်၏ ပြုံးနေသည် နှုတ်ခမ်းများမှာ ရုတ်ချည်း တည်ငြိမ်သွားသည် ထိုအခြင်းအရာအား စက်ဘီးအနောက်မှ လိုက်စီးလာသည့် မာနကျော်စွာကတော့ သတိမထားမိပေ
"ပြည့်ပြည့် ဟုတ်လား"
"အာ...ကျွန်တော့် သူငယ်ချင်းတယောက်ပါ သူ့နမည်က လွန်းပြည့်နောင်လေ အဲ့တာကြောင့် ကျွန်တော်က သူ့ကိုပြည့်ပြည့်လို့ခေါ်တာဗျာ့ "

YOU ARE READING
Maze🍀
Romanceမာနကျော်စွာ - လွန်းပြည့် မင်းက ဝင်္ကပါတစ်ခုလိုပဲ ချစ်မိသွားရင် လက်လွှတ်ဖို့ခက်တယ် ငါကလေ တစ်သက်လုံး ဒီလွန်းပြည့်နောင်ဆိုတဲ့ ဝင်္ကပါထဲမှာ လျှောက်သွားနေမှာကွ ထွက်ပေါက်တွေ့ရင်တောင် မထွက်ဘူးကွာ မင်းဖြစ်နေလို့ မင်းဆီက မထွက်သွားချင်လို့ကွ လွန်းပြည့်နော...