Episode 1 : PAST I ဖွင့်ပြောခဲ့သော ညနေခင်း

273 21 0
                                    

[ third person POV : RIWOO ]

" မေမေကပြောတယ် အရသာရှိတာကိုစားမိတဲ့အချိန်မှာ ဒီလိုအရသာရှိတာကို မျှဝေပေးချင်တဲ့သူကိုစဉ်းစားလာမိတာ အချစ်တဲ့"

"အရသာရှိတဲ့အစားအစာကို လုပ်နေတုန်း မျှဝေချင်မိတဲ့ လူရဲ့ မျက်နှာလေးကိုမြင်ယောင်လာတာ အချစ်တဲ့"

ရီဝူး အထက်တန်းနောက်ဆုံးနှစ် အီဟန် အထက်တန်းဒုတိယနှစ်တုန်းက အီဟန်က ဒီစကားပြောခဲ့တာကို ရီဝူးအခုထိမှတ်မိနေသေးတယ်။

"ကျနော် ဒီကွတ်ကီးကို လုပ်နေတုန်းက တလျှောက်လုံး အစ်ကို မျက်နှာပဲ မြင်ယောင်နေမိတာ ကျနော် အစ်ကို့ကို ချစ်မိတာထင်တယ်"

လိမ္မော်ရောင်တောက်နေတဲ့ ညနေခင်းတိမ်တွေကလွဲရင် အီဟန့်ရဲ့ရည်းစားစကားက romantic မဆန်ခဲ့ဘူး။ နွေရာသီရဲ့ညနေခင်းမို့ တိုက်နေတဲ့လေကလည်း ရှက်သွေးဖြာနေတဲ့ ရီဝူးရဲ့ ပါးနှစ်ဖက်လိုမျိုး ပူနွေးနွေး။ လောလောလတ်လတ် oven ထဲထုတ်ထားတဲ့ ကွတ်ကီးတွေကလည်း ပူနွေးနွေး။

အကကျင့်ပြီးပြန်လာခဲ့တာမို့ ရီဝူးရဲ့ ကျောင်းuniform ကလည်း ချွေးတွေရွဲနေသလို အီဟန်ကလည်း အပြေးထွက်လာသူမို့ ချွေးတွေရွှဲလို့နေတယ်။

ဒီလို နည်းနည်းလေးမှ romantic မဆန်တဲ့အခြေအနေဖြစ်နေခဲ့ပေမယ့် လိမ္မော်ရောင် နေရောင်ကြောင့် အီဟန့်မျက်နှာက ချွေးစက်တွေက တလက်လက်တောက်ပနေခဲ့တာကို ရီဝူးအခုထိမှတ်မိနေသေးတယ်။
Radio တွေမှာကြားရဖူးတဲ့ အချစ်သီချင်းလေး တွေက ရီဝူးရဲ့နားထဲBGMလိုမျိုးကြားယောင်မိနေခဲ့တာ။

ကလေးတွေမရှိတော့တဲ့ ကစားကွင်းထဲမှာ ချွေးတွေစိုနေတဲ့ ကျောင်းသား ၂ယောက်။ ပြီးတော့ ခပ်နွေးနွေးကွတ်ကီး တစ်ခြင်း။ နွေရာသီညနေခင်းရဲ့ မှောင်ရိပ်ပျိုးချိန်မို့ ခြင်တွေလည်းထွက်လာနေပြီ။

ဘယ်လိုမှ romantic မဖြစ်ခဲ့ပေမယ့်လည်း ကောင်လေး ၂ယောက်ကတော့ အချစ်ဆိုတာကိုခံစားမိနေခဲ့တယ်။

~TBC~

•A/N Leerionz တို့ရဲ့ birth month လေးမို့လို့ အမှတ်တရလေးဖြစ်အောင် ရေးလိုက်ပါတယ်။ အပိုင်းလေးတွေကတော့ နည်းနည်းတိုပါမယ်နော်🥹🫶

Rhythmic Heart BeatsWhere stories live. Discover now