Episode 4 : PAST II မြင်မြင်ချင်း ချစ်မိခဲ့ခြင်း

133 14 0
                                    

[ Third person POV - LEEHAN ]

မြင်မြင်ချင်းအချစ်ကိုယုံလား
အီဟန်ကတော့ ယုံတဲ့အဖွဲ့ကပဲ။

အီဟန့်ရဲ့ အထက်တန်းကျောင်းသားဘဝက တကယ်တမ်းဆို အီဆန်းဟျော့ဆိုတဲ့လူသားမပါဝင်လာခဲ့ရင် တကယ့်ကိုရိုးရှင်းနေခဲ့မှာ။

ရီဝူးကို မတွေ့ခင်အထိ အီဟန်က တခြား ရွယ်တူတွေလို အချစ်ကို စိတ်မကစားတတ်တဲ့ ကလေးတစ်ယောက်သာဖြစ်ခဲ့တယ်။ ပြောရရင် အလှမွေးငါးတွေနဲ့ ရုပ်ရှင်တွေကလွဲရင် ဘာမှမသိတဲ့ လူထူးလူဆန်း ဆယ်ကျော်သက်တစ်ယောက်ပေါ့။ တကယ့်ကို အီဟန့်အတွက် ရီဝူးက ခြွင်းချက်လေးတစ်ခုဖြစ်နေခဲ့တာ။

တကယ်တော့ ရီဝူးက အီဟန်နဲ့လည်း အတန်းလည်းမတူ ကျောင်းလည်းမတူဘူး။ အီဟန်ထက် ရီဝူးကတစ်နှစ်ကြီးတယ်။ ဒါပေမယ့် အီဟန့်ထက်လူကောင်ခပ်သေးသေး။

အီဟန်က ရပ်ကွက်ထဲက သာမန်အထက်တန်းကျောင်းပဲတက်တာပေမယ့် ရီဝူးကတော့ သူတို့ရပ်ကွက်နဲ့ဝေးတဲ့ အနုပညာအထက်တန်းကျောင်းက။
ရီဝူးက အီဟန့်လိုမဟုတ်ပဲ ငယ်ငယ်တည်းက ရည်မှန်းချက်တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားတတ်တဲ့အကြောင်း အီဟန့်မေမေက အမြဲယှဉ်ပြီးပြောတတ်တယ်။
ရီဝူးနေရာမှာ တခြားသူဆို အီဟန်မုန်းမိမှာပေမယ့် မေမေ့ဆီက ရီဝူးအကြောင်း ချီးကျူးသံကြားရလေ အီဟန်ကပျော်လေပဲ။
မေမေ့ကိုထုတ်မပြောရဲလို့မပြောခဲ့ပေမယ့် အီဟန်စိတ်ထဲ အမြဲပြောနေတတ်တဲ့စကားရှိတယ်။

"နောက်၁၀နှစ်ကြာရင် မေမေသိပ်သဘောကျတဲ့ အစ်ကိုအီဆန်းဟျော့ကို ကျနော်က မေမေ့သားမက်အဖြစ် အိမ်ခေါ်လာမှာဗျ"

ရီဝူးနဲ့ အီဟန်စတွေ့ပုံက အီဟန်တို့မိသားစု ရီဝူးတို့ရပ်ကွက်ထဲ အိမ်ပြောင်းလာတာကစတယ်။

" ဘေးအိမ်ကို အသစ်ပြောင်းလာတာပါခဗျ မေမေက ဆန်မုန့်ပို့ခိုင်းလို့ပါ"

"ဟော ဆန်မုန့်လား ကောင်းကောင်းစားပါ့မယ်"

မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိပြုံးပြခဲ့တဲ့ ရီဝူးရဲ့ တောက်တောက်ပပအပြုံးလေးကို အခုထိ အီဟန်သတိရမိသေးတယ်။

"မေမေ ဘေးအိမ်က လူသစ်တဲ့"

သဘောကောင်းပုံပေါ်တဲ့ ရီဝူးမေမေကလည်း ရီဝူးလို အပြုံးလှလှနဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

အီဟန့်လက်ထဲက ဆန်မုန့်ပန်းကန်ကို ရီဝူးကလှမ်းယူပြီး ချက်ချင်း မုန့်တစ်ခုကိုယူစားလိုက်တော့ အီဟန်အံ့ဩမိသွားတယ်။

"အီဆန်းဟျော့ ဟင်းကျက်ပါတော့မယ်ဆိုမှ မုန့်တွေထပ်စားပြန်ပြီ"

ရီဝူးရဲ့ မေမေဖြစ်သူက ရီဝူးကိုဆူနေတာတောင် အီဟန်မကြားနိုင်တော့ဘူး။ ဆန်မုန့်ကို ပလုပ်ပလောင်းစားပြီး ပြုံးနေတဲ့ ရီဝူးက အီဟန့် မျက်လုံးထဲ သိပ်ကိုလှနေခဲ့တာပေါ့။

ရီဝူးရဲ့ ဒီပုံစံလေးကို အီဟန်က ကိုယ်တိုင်တောင်မသိလိုက်ပဲ မြင်မြင်ချင်း ချစ်မိခဲ့တာထင်ပါတယ်။

~TBC~

A/N တစ်ပိုင်းတစ်ပိုင်းကို အကြာကြီးရေးတဲ့အပြင် တိုတိုလေးတွေပဲရေးလို့ author ကို မေတ္တာပို့နေကြတော့မှာပဲ🥹

Rhythmic Heart BeatsWhere stories live. Discover now