Episode 5 : PAST III အချစ်ဘာသာစကား

115 14 0
                                    

[ Third person POV - RIWOO ]

"အစ်ကို ဆန်းဟျော့ ကျနော့်ကို သဘောကျပြီလား"

ဘယ်လိုလူမျိုးက အဖြေတောင်းတာကို ဒီလိုတည့်တိုးကြီး လာလာမေးလို့လဲ။ သေချာပေါက်နှစ်ယောက်မရှိတဲ့ ဘေးအိမ်က ကောင်လေးပဲပေါ့။
ရုပ်လေးချောသလောက် ထူးဆန်းတဲ့ကောင်လေးကသာ ရီဝူးကိုစမဖွင့်ပြောဖြစ်ခဲ့ရင် အခုဆို သမီးရည်းစားတွေဖြစ်မှာလည်းမဟုတ်ဘူး။
မဟုတ်သေးဘူး အဲဒီ့အချိန်တုန်းက ရီဝူးက အီရီဝူးမဟုတ်သေးတဲ့ အီဆန်းဟျော့ပဲ။ သူကလည်း ကင်မ်အီဟန်မဟုတ်သေးတဲ့ ကင်မ်ဒုံဟျွန်းပေါ့။

ဆန်းဟျော့က တခြားရပ်ကွက်က အနုပညာအထက်တန်းကျောင်းကို တက်တာမို့ မနက်အစောကြီးထပြီး ဘတ်စ်ကားစီးပြီး ကျောင်းတက်ဖို့ ပြင်ဆင်ရတယ်။
ဒုံဟျွန်းကတော့ ၁၀မိနစ်လောက်ပဲ စက်ဘီးစီးသွားရင်ရောက်တဲ့ ရပ်ကွက်ထဲကကျောင်းမို့ ဆန်းဟျော့လောက် အလျင်အလိုသိပ်မလိုဘူး။

ဒါပေမယ့် ဒုံဟျွန်းက ဆန်းဟျော့ကျောင်းမသွားခင်အမှီ မနက်စာလုပ်ပြီး ဆန်းဟျော့ကို ဘတ်စ်ကားမှတ်တိုင်အထိ လိုက်ပို့ပေးတတ်တယ်။ MBTI "J"တွေရဲ့ ကောင်းတဲ့အချက်က ဒါပဲဆိုပြီး ဆန်းဟျော့ မတွေးရ မနေနိုင်တဲ့အထိပဲ။

ဆန်းဟျော့က မနက်စောစောကျောင်းသွားရတာမို့ အမြဲမနက်စာကိုကျောင်းမှာပဲ ဝယ်စားရတယ်။ ဒါကို မေမေကြောင့် သိသွားတဲ့ ဒုံဟျွန်းက မနက်တိုင်း ထမင်းဘူးလုပ်ပေးပါရောလား။
ရိုးရိုးရှင်းရှင်းနဲ့ အခုမှဟင်းချက်သင်ယူခါစ သူတစ်ယောက်လိုမျိုး လက်ရာမျိုးဆိုပေမယ့် ဆန်းဟျော့က သူ့ရဲ့စေတနာကို အရသာရှိရှိစားပါတယ်။
ထမင်းဘူး မနက်တိုင်းပြင်ဆင်ပေးသလိုပဲ၊ ဘတ်စ်ကားမှတ်တိုင်ကို မနက်တိုင်း လိုက်ပို့ပေးသလိုပဲ ဒုံဟျွန်းမနက်တိုင်း ဆန်းဟျော့ကို မပြောင်းမလဲတဲ့ မေးခွန်းတစ်ခုမေးတတ်တယ်။

"အစ်ကို ဆန်းဟျော့ ကျနော့်ကို သဘောကျပြီလား"

"မသိဘူးလေ"

ယုံချင်စရာမကောင်းပေမယ့် ဒီလိုပျင်းစရာအခြေအနေက ၂လကျော်လောက်ကြာသွားပေမယ့် အီဆန်းဟျော့ရဲ့ အနာဂတ်ရည်းစားလောင်းလေးဟာ လက်မလျှော့ခဲ့ဘူး။ နေ့တိုင်း ထမင်းဘူးပြင်ပေးတယ်၊ ကားမှတ်တိုင်ကိုလိုက်ပို့ပေးတယ်၊ နေ့တိုင်းတူညီတဲ့ မေးခွန်းကို မငြီးမငွေ့မေးတယ်။ သူ့ပုံစံက စိတ်ဆုံးဖြတ်ထားပြီးသလိုပဲ။

တစ်ရက်တော့ ဆန်းဟျော့ကပဲ ဒီပျင်းရိငြီးငွေ့စရာ အခြေအနေကို ဖျက်စီးဖို့ဆုံးဖြတ်လိုက်တယ်။

"အစ်ကို ဆန်းဟျော့ ကျနော့်ကို သဘောကျနေပြီလား"

"ဒီအပတ် ပိတ်ရက်ကျ အားလား ငါတို့Dateကြမလား"

"ဟုတ်ကဲ့!!"

ပုံမှန်ဆို ဒုံဟျွန်းက ဆန်းဟျော့ကို ကားမှတ်တိုင်အထိလိုက်ပို့ပေမယ့် အဲနေ့က ဆန်းဟျော့ကို လမ်းတစ်ဝက်မှာထားခဲ့ပြီး အိမ်ကိုတချိုးတည်းပြေးတော့တာပဲ။
ငါများတစ်ခုခုမှားသွားလားဆိုတဲ့ အတွေးတွေနဲ့ထားခဲ့ရတာတော့ အီဆန်းဟျော့ပဲဖြစ်ခဲ့တယ်။

~TBC~

Rhythmic Heart BeatsWhere stories live. Discover now