Episode 8 : PAST V ပူပြင်းပြင်း ချိုရှရှ

151 14 4
                                    




ရည်းစားဘဝမှာ ပထမဆုံး ရန်ဖြစ်ခဲ့တဲ့နေ့ပေါ့။

ဘယ်လိုစကားတွေနဲ့ ရန်ဖြစ်ခဲ့မှန်းမမှတ်မိတော့ပေမယ့် ရီဝူးက CSAT အတွက် စိတ်ရှုပ်နေခဲ့တာမို့ အထိမခံဖြစ်ပြီး ရန်ဖြစ်ခဲ့တာလို့တော့ အီဟန်မှတ်မိနေတယ်။
အီဟန်က နွေဦးမို့ ချယ်ရီပန်းတူတူသွားကြည့်ချင်ခဲ့တယ်လေ။

Jinhae ပွဲတော်ရက်တွေမှာလည်း ရီဝူးက ကျောင်းမှာဖျော်ဖြေဖို့ ဆက်တိုက်လေ့ကျင့်နေရလို့မအားတော့ တူတူမကြည့်ခဲ့ရဘူး။
ပွဲတော်ရက်ပြီးတော့ ကြွေလုလုဖြစ်နေတဲ့ ချယ်ရီပန်းပဲဖြစ်ဖြစ် အတူတူကြည့်ချင်တာမို့ dateဖို့ခေါ်ပေမယ့် ရီဝူးက CSATအတွက် ပြင်ဆင်ဖို့ဆိုပြီး အတွေ့မခံပြန်ဘူး။

ဒါကြောင့် စိတ်ကောက်နေတဲ့ အီဟန့်ကို ရီဝူးက ထပ်စိတ်ဆိုးပြန်တယ်။

နှစ်ယောက်သား အဆက်အသွယ်မလုပ်ကြပဲ စိတ်ကောက်ကြတာ ၂ရက်လောက်အကြာမှာ အီဟန့်မိဘတွေက ရီဝူးရဲ့ မိဘတွေဆီ သွားခဲ့တယ်။
ရီဝူးမေမေကို အီဟန့်မေမေက ဒီလိုစကားပြောခဲ့တယ်။

"ကျွန်မတို့ ဘူဆန်ခဏပြန်မလို့ ဆန်းဟျော့လေးကို ကျွန်မတို့အိမ်မှာ နှစ်ညလောက်လာအိပ်ခိုင်းပေးပါလား ဒုံဟျွန်းတစ်ယောက်တည်းမို့ စိတ်မချလို့"  ဟူ၍။

အဲ့နေ့ ညနေမှာ ရီဝူးက အီဟန့်အိမ်ကို လွယ်အိတ်လေးတစ်လုံးနဲ့ရောက်လာတယ်။
ရီဝူးရောက်ပြီးတော်တော်ကြာတဲ့အထိ နှစ်ယောက်သား စကားတစ်ခွန်းမှကို မပြောဖြစ်ကြဘူး။

ရီဝူးက အီဟန်တို့ မီးဖိုခန်းထဲက ထမင်းစားပွဲပေါ်မှာ သင်္ချာတွက်နေပြီးတော့ အီဟန်ကတော့ မလှမ်းမကန်းက အလှမွေး ငါးကန်ကိုပဲ ငေးကြည့်နေခဲ့တယ်။
တကယ်က ငါးတွေကိုပဲငေးကြည့်နေတာတော့ မဟုတ်ဘူး။ ငါးကန်ကနေ ဖောက်ထွင်းမြင်နေရတဲ့ ရီဝူးကိုပါ ငေးကြည့်နေခဲ့တာ။

"ဒုံဟျွန်း ငါဗိုက်ဆာတယ်"

အီဟန်က ချက်ချင်းပြန်မဖြေ။
ဒါပေမယ့် ရီဝူးရှိတဲ့ မီးဖိုခန်းထဲကို ဝင်ပြီး ဟိုရှာဒီရှာလုပ်နေတယ်။

"Pizzaမှာစားရအောင်"

"ဟုတ်ကဲ့"

ပီဇာရောက်လာတဲ့ အထိ နှစ်ယောက်သား တိတ်ဆိတ်နေတုန်းပဲ။ အနေအေးတဲ့လူနှစ်ယောက်ရဲ့ အချစ်ရေးက ဒီလိုမျိုးလားဆိုပြီး အီဟန်က တွေးနေမိတယ်။
စားလို့ပြီးတော့ အီဟန်က အမှိုက်တွေရှင်းနေတုန်း ရီဝူးက အီဟန့်ခါးကို နောက်ကနေလာဖက်တယ်။

Rhythmic Heart BeatsWhere stories live. Discover now