Episode 2 : PRESENT I လက်ရှိအချစ်ရေး

162 19 2
                                    

[ third person POV : RIWOO ]

@ပီဇာနဲ့ဇီးရိုးကိုလာ "ဂင်မ်အီဟန်နဲ့ အီရီဝူးက ပုံမှန်သူငယ်ချင်းတွေတော့ မဟုတ်ဘူးလို့မထင်ကြဘူးလား"

@တသက်တာလုံးအီဟန့်ကိုချစ်သွားမယ် "ဟုတ်တယ် ဘယ်လိုသူငယ်ချင်းတွေ သူတို့လိုနေကြလို့လဲ သေချာပေါက်တွဲနေကြတာ"

@ရင်ခုန်သံရီဝူးရီဝူး "အရမ်းရင်းနှီးတဲ့ သူငယ်ချင်းမို့လို့နေမှာပေါ့ ငါ့အမျိုးသားရဲ့ ဖြူစင်တဲ့ သူငယ်ချင်းဆက်ဆံရေးကိုအထင်မလွဲကြပါနဲ့"

@ဂင်မ်အီဟန့်အိမ်ကငါးလေး "ဒါပေါ့တကယ်တွဲနေတဲ့သူတွေဆို အခုလိုပေါ်ပေါ်ထင်ထင်နေမှာလဲ သတင်းဌာနတွေကလည်း ငြိမ်နေမယ်ထင်လို့လား"

ဒါတွေက ရီဝူးရဲ့SNS account ကနေနောက်ဆုံးတင်ထားတဲ့ပို့စ်အောက်မှာရှိနေကြတဲ့ commentတွေပါပဲ။

"ဒီနေ့လည်း ငါ့အချစ်နဲ့ ပျော်ရွှင်ခဲ့ရတဲ့ တစ်နေ့တာ"
အီဟန်နဲ့ ရီဝူးရဲ့ ပြုံးပျော်နေတဲ့ ဓာတ်ပုံ ၂ပုံ။

"commentတွေက အများကြီးပဲ"

ရီဝူး ဖုန်းစခရင်ကိုပဲ ငုံ့ကြည့်နေရင်းပြောလိုက်တယ်။

"မထူးဆန်းတော့ဘူးမလား ကိုကို ကျနော်နဲ့ပုံတင်တိုင်း ကျနော့်fanတွေ ပွက်လောရိုက်ကြတာ"

အီဟန်က သူ့အကျင့်အတိုင်း ရီဝူးရဲ့ ပေါင်ပေါ်ကိုလှဲအိပ်လိုက်တယ်။ လက်ထဲမှာတော့ စားလက်စ ဂျယ်လီတစ်ထုပ်။

"မင်းလည်း ငါနဲ့ပုံတင်တိုင်းပွက်လောရိုက်တာပဲလေ"

"ကျနော်က ဘာပို့စ်တင်တင် fanတွေက ပွက်လောရိုက်နေကျ"

"ထားပါတော့ အဲဒီ့ကိုက်ိုလို့ခေါ်တဲ့အကျင့်မလုပ်နဲ့နော် အရိပ်အကဲလည်းမသိဘူး"

"ကိုကိုတောင် ကျနော့်ကို ငါ့အချစ်လို့ခေါ်သေးတာပဲကို"

တကယ်တော့ ရီဝူးနဲ့ အီဟန်တို့ရဲ့ အချစ်ရေးက အပြင်လူတွေသိသွားရင် အကြီးအကျယ် ပြဿနာတက်သွားနိုင်တယ်။
အီဟန်က တက်သစ်စသရုပ်ဆောင်တစ်ယောက်။ A listထဲတော့မဝင်သေးပေမယ့် အီဟန်ပါဝင်ထားခဲ့တဲ့ series တွေက rating ကောင်းခဲ့တာမို့ ပရိတ်သတ်တွေလည်းများတယ်။

ရီဝူးကတော့ ငယ်ငယ်တုန်းကလိုပဲ အကကိုစဆက်ကဖြစ်နေတယ်။ dance crewတစ်ခုမှာလည်းပါဝင်ထားပြီး Idol အဖွဲ့တွေရဲ့ choreographer အဖြစ်အနေနဲ့လည်း dancerအသိုင်းအဝိုင်းထဲနာမည်ရှိတဲ့သူပေါ့။
မကြာသေးခင်ကပဲ Dance competition TV program တစ်ခုမှာ ပါဝင်ထားတာမို့လို့ အီဟန့်လိုမျိုးinfluencerတစ်ပိုင်းပါဖြစ်လာတာမို့ ရီဝူးလည်း ပရိတ်သတ်တွေများလာတယ်။

အမျိုးသား အနုပညာရှင် influencer ၂ယောက်ရဲ့ အချစ်ရေးမို့လို့ အမှန်တကယ်ကို တအားဂရုစိုက်ရမှာဆိုပေမယ့် ယောက်ျားလေး ၂ယောက်ဖြစ်တာကြောင့် ကံကောင်းတာဖြစ်သွားတယ်။
ဒဲ့ဆန်လွန်းတဲ့ အခေါ်အဝေါ်တွေနဲ့ public interaction တချို့ကိုသာရှောင်လိုက်ရင် သာမန်ရင်းနှီးလွန်းတဲ့ သူငယ်ချင်းအဖြစ်လို့သာ fanတွေကမြင်ကြတယ်။

အခုနောက်ပိုင်းဆို နှစ်ယောက်အတူသွားရတဲ့ TV program တွေမှာတောင် အီဟန်ကဒီလိုပြောတတ်တယ်။

" ကျနော်တို့ နှစ်ယောက်က Soulmates တွေပါပဲ တစ်ယောက်မရှိပဲ တစ်ယောက်မနေနိုင်ပါဘူး"

အဲဒီလိုမျိုး ပေါ်တင်ပြောလာရင်တောင် SNSပေါ်က Fan ship edit video လောက်လေးပိုမြင်ရရုံအပြင်မရှိလာပါဘူး။
အဲဒီလိုမျိုး edit video တွေမြင်ရရင် ရီဝူးကတော့ ပြုံးမိတယ်။ သူတို့ရဲ့shipက တကယ်ဖြစ်နေတာကို သူတို့မသိကြဘူးလေ။

အီဟန်ကတော့ ခဏခဏပြောတတ်တယ်။

" ကျနော်တို့ နှစ်ယောက် တကယ်ကြီးလက်ထပ်လိုက်ရင်တောင် သူတို့ကPrank လုပ်တယ် ထင်နေကြမှာ"

~TBC~

Rhythmic Heart BeatsWhere stories live. Discover now