Episode 6 : PAST IV ပထမဆုံးချိန်းတွေ့ခြင်း

117 15 0
                                    

[ Third person POV - LEEHAN]

အီဟန်တို့ စတွဲဖြစ်ကတည်းက dateလုပ်ဖို့ စပြောတာက အမြဲ ရီဝူးပဲဖြစ်တယ်။ စီစဉ်တာကတော့ အမြဲ အီဟန်ပေါ့။ ဂင်မ်အီဟန်ဆိုတာ ကြိုတင်ပြင်ဆင်တတ်တဲ့ MBTI "J"လေ။

တကယ်တော့ မတွဲဖြစ်ခင်ကတည်းက dateလုပ်ဖို့စပြောတာကလည်း ရီဝူးပါပဲ။

First dateကိုတော့ ရီဝူးကပဲစီစဉ်ခဲ့တာပေါ့။ ရီဝူးဘက်က စပြီးdateကြဖို့ပြောတော့ အီဟန်က အပြတ်ရွှိုင်းခဲ့တာ။ ဂျင်းဘောင်းဘီအရှည် ၊ တီရှပ်အဖြူပေါ်ကို ရှပ်အင်္ကျီထပ်ဝတ်ပြီး လက်ကိုခေါက်ထားလိုက်တယ်။ ဂုတ်ထောက်လုဖြစ်နေတဲ့ ဆံပင်ရှည်ရှည်တွေကိုလည်း သပ်သပ်ရပ်ရပ်ပုံသွင်းခဲ့တာ။ ဘယ်လိုကြည့်ကြည့် ရင်ခုန်စရာ boyfriend material fashion ပဲမဟုတ်ဘူးလား။
အီဟန် ရင်လည်းခုန်၊ရင်လည်းတုန်နေခဲ့တာ။ ဘဝမှာ ပထမဆုံး date ၊ သဘောကျနေတဲ့အစ်ကိုကြီးနဲ့ date လေ။

အီဟန်က အများကြီးရင်ခုန်နေခဲ့ပေမယ့် ရီဝူးရဲ့ date spot ကိုသိလိုက်ရတော့ စိတ်ထဲ မအီမသာကြီးဖြစ်သွားရတယ်။ မျှော်လင့်ထားသလို movie date, aquarium date, coffee date မျိုးမဟုတ်ပဲ pc room dateတဲ့လေ။
Date spot ရွေးတတ်လွန်းတဲ့ အီဟန်ရဲ့ မတော်ရသေးတဲ့ ရည်းစားလေးကို ကျေးဇူးတင်လွန်းလို့ ပြေးနမ်းလိုက်ချင်သွားတယ်။
အင်တာနက်ဆိုင်ဆိုတာ ဂိမ်းဆော့နေတဲ့အထက်တန်းကျောင်းသားတွေနဲ့ပဲပြည့်နေတာမို့ ဘယ်လိုမှ romantic မဆန်လှဘူး။

အခန့်မသင့်ရင် အတန်းဖော်တွေနဲ့ပါတွေ့နိုင်ပေမယ့် အီဟန်ကတော့ အဲဒါကိုသိပ်မကြောက်ပါဘူး။ မကြာခင် သူ့အပိုင်လေးဖြစ်လာမယ့် အစ်ကိုသေးသေးလေးကို လူရှေ့ထုတ်ကြွားဖို့ ဝန်မလေးဘူးလေ။

"ဒုံဟျွန်း ဘာစားမလဲ"

"ကျနော်က ဘာဖြစ်ဖြစ်ရတာမို့ အစ်ကိုစားချင်တာသာမှာလိုက်ပါ"

တကယ်လည်း အီဟန်က ရီဝူးအရသာရှိရှိစားနေတာမြင်ရင် ကျေနပ်တတ်တဲ့သူလေ။

"မင်း တကယ် ငါစားနေတာမြင်ရုံနဲ့တင် ဗိုက်ဝရောလား"

"ဟုတ်ကဲ့"

"အရူး"

မလိမ်တမ်းပြောရမယ်ဆိုရင် ပါးဖောင်းဖောင်းတွေအပြည့် corndog ကိုစားနေတဲ့ ရီဝူးက အီဟန်အတွက် အရမ်းလှနေတာလေ။ တအား မြတ်နိုးစရာလေးဖြစ်နေပြီးတော့ အီဟန့်ရဲ့ ရင်ဘတ်ထဲက အကောင်သေးသေးလေးကို ယားကျိကျိဖြစ်အောင်လုပ်နေတဲ့ အစ်ကိုသေးသေးလေး။

"ချစ်တယ်"

"ဟင်?"

"ကျနော် အစ်ကိုဆန်းဟျော့ကို ချစ်တယ်လို့"

"အင်း"

"ဟင်?"

ဒီတစ်ခါ အာမေဋိတ်သံထွက်မိသွားတာကတော့ အီဟန်ပဲဖြစ်တယ်။

"ငါသိတယ် မင်းငါ့ကိုချစ်တယ်ဆိုတာ"

"ဟုတ်"

ထပ်ပြီးတိတ်ဆိတ်သွားပြန်တဲ့ စကားပြောခန်း။ ရီဝူးကတော့ သူမဟုတ်သလိုပဲ computer screen ကို စူးစိုက်နေပြန်တယ်။
အစ်ကိုလေး ဂိမ်းဆော့ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အီဟန်က အိမ်ပြန်ပို့ပေးခဲ့တယ်။
အိမ်ပြန်ပို့တယ်ဆိုတာထက် အိမ်တူတူပြန်တယ်ဆိုတဲ့ စကားကပိုမှန်မယ်ထင်တယ်။

"ဒီနေ့ အစ်ကိုနဲ့dateခဲ့ရတာ ပျော်ခဲ့ရပါတယ်"

တကယ်တော့ အီဟန်လိမ်ခဲ့တာ။ PC room dateဆိုတာ တကယ့်ကို စိတ်ကူးလို့မရအောင်ကို ပျင်းစရာကြီးလေ။

"ဒုံဟျွန်း..."

"ဟုတ်ကဲ့"

ရီဝူးရဲ့ လက်​သေးသေးလေးက အီဟန်ရဲ့ ပခုံးကိုအားပြုလိုက်ရင်း နှုတ်ခမ်းနွေးနွေးလေး တစ်စုံက အီဟန့်ပါးပေါ်ကျလာတယ်။

"ငါအကုန်နားလည်တာမို့လို့ လိမ်မပြောလည်းရပါတယ်"

အီဟန် ဟုတ်ကဲ့လို့ဖြေမိလား မမှတ်မိတော့ဘူး။ ရီဝူးရဲ့ ခပ်မြန်မြန်အဆင့်တက်လာမှုကြောင့် အီဟန် အသိစိတ်ခဏလွတ်သွားခဲ့တာ။

"နောက်တစ်ခါလည်း ငါတို့ထပ်dateရအောင်နော် အဲဒီ့အခါကျ...."

"ချစ်သူတွေအဖြစ်နဲ့"

~ TBC ~

A/N
အသစ်စက်စက်Onedoorတို့အတွက် update တင်လိုက်ပါတယ်🤭🤭

Rhythmic Heart BeatsWhere stories live. Discover now