Ch 6

6K 147 1
                                    

ဒီလိုနဲ့ပဲ နှစ်ယောက်သား တစ်အိမ်ထဲနေပေမယ့် တွေ့ဖြစ်တဲ့အချိန်ကရှားတယ်.
ဆိုယွန်းကလည်း သူ့အခန်းထဲအလုပ်လုပ်နေတာများပြီး ဘာဒါကလည်း debut songအတွက် အားစိုက်ပြီး အကကျင့်ပေးဖြစ်နေတာတစ်ကြောင်း Classမှာ လူများလာတာတစ်ကြောင်းကြောင့်
အပြင်က နောက်ကျမှပြန်ရောက်တာများတယ်.
ပိတ်ရက်တွေလည်းမတူကြတာမို့ တစ်နေကုန်လို့ တစ်ခေါက်မတွေ့ဖြစ်ကြတဲ့ရက်တွေလည်းရှိတယ်.
နှစ်ပါတ်လောက်ကြာတော့...

ဘာဒါ ၁၀ နာရီလောက်အိမ်ပြန်လာတယ် အကတိုက်နေတဲ့ girl groupဘက်က scheduleရှိလို့ စောစောပြီးသွားတော့ Studioကို မဝင်ခဲ့ပဲ စောစောပြန်လာလိုက်တယ်။

ဖိနပ်ချွတ်ရောက် အိုမားအသံစီစီလေးကို ကြားရပါပြီ.

''အိုမား ရောက်နေတာလား လွမ်းနေတာ
ကြိုလည်းမပြောဘူး''
ပြောရင်း အိုမားကိုပြေးဖက်လိုက်တယ်.

''အင်း သမီးအဒေါ် medical check up လုပ်မယ်တဲ့ အဲဒါ အိုမားကိုပါခေါ်လို့ အဖော်ရတုန်းအတူတူလုပ်ရအောင်လာလိုက်တာ''

''ကြိုမပြောဘူး လာကြိုမှာပေါ့''

''ရပါတယ် မအားဘူးထင်လို့ ကြိုမပြောလိုက်တာ ထမင်းရော စားပြီးပြီလား''

''ဟုတ် စားခဲ့ပြီ''

တကယ်တော့ အိုမားဘာလို့လာလဲ ဘာဒါအသိဆုံးပါ.
အခြေအနေကို ရှောင်တခင်ဝင်စစ်ချင်တာ သိသားပဲ တကယ်ဆို ဒေါ်လေး(အဖေ့ညီမ) နဲ့အိုမားက သမီးယောင်းမတွေဆိုတော့ အဲလောက်အကြောတည့်တာမဟုတ်ဘူးရယ်

ပြောရင်း ဘာဒါ အခန်းထဲဝင်မလိုလုပ်တော့
အိုမားကနောက်ကလိုက်လာတယ်

''ဒီလိုပဲ နေ့တိုင်းနောက်ကျမှ ပြန်တာလား ''

ဒီနေ့က စောပြန်လာတာလို့ပြောလိုက်ချင်ပေမယ့်

''တခါတလေပါ'' လို့ပဲ ပြန်ဖြေလိုက်တယ်။

ဆိုယွန်းကလည်း အခန်းထဲလိုက်ဝင်လာတယ်.ဆိုယွန်းကြည့်ရတာ ဒီဘက်အခန်းမှာပဲနေသလိုပြောထားတယ်ထင်တယ်. ဒါပေမယ့် သူ့ပုံစံက ဒီအခန်းနဲ့စိမ်းနေတာ အရမ်းသိသာတာပဲ.

''အိုမား အဝတ်အစားလဲမလို့ အပြင်ခဏထွက်ပေးဦး''

''သြော် အေး အေး''

ချစ်မိသော ပင်လယ် Where stories live. Discover now