Ch24💓🍬

7.9K 177 0
                                    

မနက်ခင်း အလင်းရောင်လေးဖြာတော့ ဆိုယွန်းနိုးလာတယ်။ ခေါင်းထဲကတစ်စစ်စစ်ကိုက်နေပြီး တကိုယ်လုံးလည်းကိုင်ရိုက်ထားသလိုနာကျင်နေတယ်။ ပြန်အိပ်မယ်လုပ်ပြီးမှ ဖျတ်ခနဲမျက်လုံးပြန်ဖွင့်တယ်။ ဘယ်ရောက်နေတာလဲ?? မနေ့ကအကြောင်း ပြန်စဥ်းစားတော့ ခေါင်းကြီးသလိုခံစားသွားရတယ်။ မနေ့က ရုံးဆင်းတော့ အကိုထယ်ဂျွန်းကစောင့်နေတယ်။ သူပြောစရာရှိလို့ပါ ခဏလောက် ဆိုင်တဆိုင်မှာထိုင်ရအောင်လို့ပြောတယ်။ ဆိုယွန်း ကိုယ့်ကိစ္စနဲ့တင်စိတ်ရှုပ်နေပြီး သူနဲ့တွေ့တာကို ဘာဒါကလည်းမကြိုက်တာကြောင့် မလိုက်ဘူးလို့ငြင်းလိုက်တယ်။ အဲ့တော့ အိမ်လိုက်ပို့ပြစေ လမ်းမှာပဲ ပြောသွားပါမယ်တဲ့ ။ အတင်းငြင်းရင် အားနာစရာကောင်းနေတာကြောင့် အိမ်ပဲလိုက်ပို့ဖို့ပြောလိုက်တယ် ။ ကားပေါ်တက်ပြီး ကားစထွက်တော့ ထယ်ဂျွန်းက အချိုရည်တစ်ဘူးလှမ်းပေးတယ်။
''ဆိုင်မှာလည်းလိုက်မကျွေးရတော့ ဒါလေးပဲသောက်လိုက်တော့''
''ဟုတ် ကျေးဇူး''
ရုံးဆင်းခါစ ဗိုက်ဆာနေတော့ အချိုရည်ဘူးကိုဖောက်သောက်လိုက်မိတယ်။ သောက်ပြီးတော့ ထယ်ဂျွန့းပြောနေတာတွေလည်း မကြားတချက် ကြားတချက် ပူလည်းပူလာတယ် လူကလည်း ရီဝေဝေဖြစ်လာတယ်။ ဘာကိုမှမတွေးတတ်တော့..။ ပြီးတော့ တနေရာကို ခေါ်သွားတာသိတယ်။ ပူလွန်းလို့ အင်္ကျီတွေကို ဆွဲဖြဲပစ်လိုက်ချင်ပြီ။ တခုခုကိုလိုအပ်နေသလိုပဲမို့ လူလည်း မနေတတ်တော့ဘူး။ အတင်းလာနမ်းနေတာသိပေမယ့် မျက်လုံးကဖွင့်မရဘူး။ ပျော်ဝင်ပစ်လိုက်ချင်တယ်။ အတင်းအားယူပြီး ဖွင့်ကြည့်မိတော့ မြင်လိုက်ရတာက ဘာဒါလို့ထင်မိတယ်။ ဘဝတစ်လျှောက်လုံး အရိပ်ကလေးကအစ မြတ်နိုးရပါသော ဘာဒါ..။ အိပ်မက်လား..။ ဘာဒါ့ကိုဖက်လိုက်ရင် ခံစားနေရတာတွေပျောက်သွားမှာလား..
တကယ်လား အိပ်မက်လားမခွဲခြားနိုင်ပဲ ဘုရားရေ ငါ သူနဲ့အိပ်လိုက်တယ်။
ငါ့ကိုခေါ်လာတာ ဟန်ထယ်ဂျွန်းပဲမလား ဒါဆို ငါဟန်ထယ်ဂျွန်းနဲ့အိပ်လိုက်တာပေါ့။ မိုးကြိုးအစင်းတစ်ရာလောက်ပစ်ချခံလိုက်ရသလိုထင်မိတယ်။ တကိုယ်လုံးတုန်ရီလာပြီး နာကျင်တာတွေကိုလည်း မသိတော့။ ရေချိုးခန်းထဲက အသံကိုကြားတော့ သူမသိခင်ထွက်ပြေးရမလား စဥ်းစားမိတယ်။
ဒါပေမယ့်ရေကျသံက တိတ်သွားတယ်။ ထွက်လာတော့မယ်ထင်တယ်။ အနားမှာရှိတဲ့ ပဝါစတစ်ခုကောက်ပတ်လိုက်ပြီး စားပွဲပေါ်က ပန်းအိုးကိုယူလိုက်တယ်။ ရေချိုးခန်းတံခါးနားဖွဖွလေးလျှောက်သွားပြီး အခန်းဝမှာရပ်စောင့်နေလိုက်တယ်။ အခန်းတံခါးပွင့်သွားတာနဲ့ မျက်စိစုံမှိတ်ပြီး ပန်းအိုးနဲ့ရိုက်ချလိုက်တယ်။

ချစ်မိသော ပင်လယ် Wo Geschichten leben. Entdecke jetzt