ဒီလိုနဲ့ နှစ်ယောက်သားအားတဲ့ရက်တွေဆို Dateကြတယ်။
ဆိုယွန်းက coffeeဆိုင်လေးတွေထိုင်ရတာကြိုက်တယ်။ ဘာဒါက ရှူခင်းလှလှလေးတွေရှိတဲ့နေရာတွေကြိုက်တယ်။ နှစ်ယောက်သား ကစားကွင်းတွေသွား မုန့်ဆိုင်တွေပတ်စားကြနဲ့ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးဖြစ်ကြတယ်။Sept 22
ဘာဒါမွေးနေ့မွေးနေ့ဆိုပေမယ့် MVတစ်ခုရိုက်စရာရှိလို့ တနေကုန် မအားပါ။
ဆိုယွန်းကလည်း မနက်က ဘာမှမပြောတော့ သူ့မွေးနေ့ကိုလည်းမသိလောက်တာရယ် မအားတာရယ်ကြောင့် ဘာမှမပြောပဲ အပြန်နောက်ကျမယ့်အကြောင်းပဲပြောခဲ့လိုက်တယ်။ဆိုယွန်းကတော့ ဘာဒါမသိအောင် မွေးနေ့ကိတ်designရှာရ ကောင်းတဲ့ဆိုင်ရှာရနဲ့ တနေကုန်အလုပ်ရှုပ်နေတယ် ။ ညကျ အိမ်မှာပဲ ကိတ်ခွဲပြီး နှစ်ယောက်ထဲdinnerစားရင်ကောင်းမလား။ သူက အပြန်နောက်ကျမယ်ဆိုတော့ ကိတ်လေးနဲ့ပဲစောင့်နေရမလား။
တကယ်တော့ ကျောင်းတုန်းကတည်းက ဘာဒါမွေးနေ့ဆို ဆိုယွန်းရင်ခုန်နေကျ။ သူ့lockerထဲမှာ မွေးနေ့လက်ဆောင်ပိစိလေးတွေထားခဲ့ဖူးတာရယ်။ အခုတော့ ကိုယ်တိုင်ပေးရမှာမို့ ရင်တွေခုန်နေတယ်။ ဓာတ်ပုံရိုက်တာဝါသနာပါသူမို့ polaroid cameraလေးပေးမလို့ ဝယ်ထားတာ တပါတ်လောက်ရှိပြီ။ညနေလောက်တော့ ရေချိုးအဝတ်အစားလဲပြီး စောင့်နေလိုက်တယ်။ ညနေ၆နာရီ..
၇နာရီ
၈နာရီ..၁၀ နာရီ..
၁၁နာရီ..ဒီလိုနဲ့နောက်တရက်ရောက်သွားမှာမဟုတ်ဘူးလား..။
ဆိုယွန်း TVကြည့်ပြီး စောင့်နေရင်းက ပျင်းလာတော့ ဘာဒါတို့teamက vd အတိုလေးတွေများတက်လာမလားလို့ SNSမှာ ဝင်ရှာလိုက်တယ်။ fanတွေလုပ်ပေးတဲ့ bd partyက ဘာဒါပုံလေးတွေsaveလုပ်ပြီး ဒါဟျွန်းaccကို ရှာတွေ့သွားတယ်။
YOU ARE READING
ချစ်မိသော ပင်လယ်
Fanfiction🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုချစ်မိသွားတဲ့အတွက် ပိုင်ဆိုင်ရတဲ့ဝမ်းနည်းနာကျင်ရမှုတွေ. #ဆိုယွန်း လွတ်လွတ်လပ်လပ်နေချင်တယ် ဘဝကို ပေါ့ပေါ့ပါးပါးဖ...