ပက်လက်လန်ပြီး အငွေ့တလူလူထွက်နေတဲ့ကားထဲက ဆိုယွန်းထွက်ဖို့ကြိုးစားနေမိတယ်။
ဘေးကို ကြည့်လိုက်တော့ သတိလစ်နေပုံရတဲ့ ဟန်ထယ်ဂျွန်းကို သွေးအလိမ်းလိမ်းနဲ့မြင်ရတယ်။
လူကဇောက်ထိုးဖြစ်နေတဲ့အခြေအနေမှာ ခါးပတ်က တော်တော်နဲ့ ချွတ်လို့မရ။
ယမ်းနံ့တွေလည်း ရနေပြီမို့ မြန်မြန်ထွက်ရမယ်ဆိုတာ စိတ်ကသိနေတယ်။အတော်ကြာကြိုးစားပြီး ခါးပတ်ဖြုတ်လို့ရသွားတော့ မှန်တွေကွဲပြီး မရှိတော့တဲ့ကားတံခါးပေါက်ကနေ ဗိုက်ကိုအသာကာထားပြီးထွက်လိုက်တော့ ခြေထောက်က နောက်ကတခုခုနဲ့ ငြိနေတာမို့ အတင်းရုန်းကြည့်တယ်။
မရတဲ့အဆုံးလှည့်ကြည့်လိုက်တော့ ဆိုယွန်းခြေကျင်းဝတ်ကို ဖမ်းဆွဲထားပြီး ကားထဲက လိုက်ထွက်ဖို့ ကြိုးစားနေတဲ့ ဟန်ထယ်ဂျွန်း။
ဆိုယွန်း ကြောက်အားလန့်အားနဲ့ အတင်းရုန်းနေပေမယ့် ခြေကျင်းဝတ်ဆီက ပိုနာလာတာကလွဲလို့ လွတ်ထွက်မသွား။
ငါသေလို့မဖြစ်ဘူး။
ငါ့ကလေးလေးတခုခုဖြစ်လို့မဖြစ်ဘူး။
အခုမှ လူ့လောကထဲရောက်လာတဲ့ မေမေ့ကလေးလေး။
မျက်စိစုံမှိတ်ပြီး လွတ်နေတဲ့ ခြေထောက်တစ်ချောင်းနဲ့ နောက်ကို အားကုန်ကန်လိုက်တယ်။
မျက်နှာကို ကျသွားပုံရပြီး လက်လွတ်သွားတဲ့ ခဏမှာ ဆိုယွန်း ထပြေးလိုက်တယ်။
ဟန်ထယ်ဂျွန်းကလည်း ကားထဲက အတင်းလိုက်ထွက်ပြီး အပြင်ရောက်တဲ့အချိန်မှာပဲ ကားကပေါက်ကွဲသွားတယ်။ပေါက်ကွဲတဲ့အရှိန်ကြောင့် ခပ်လှမ်းလှမ်းရောက်နေတဲ့ဆိုယွန်း ထိုနေရာနဲ့ဝေးရာဆီ လွင့်ထွက်ပြီး လမ်းဘေးက ချောက်ထဲ ဒလိမ့်ခေါက်ကွေးး။
YOU ARE READING
ချစ်မိသော ပင်လယ်
Fanfiction🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုချစ်မိသွားတဲ့အတွက် ပိုင်ဆိုင်ရတဲ့ဝမ်းနည်းနာကျင်ရမှုတွေ. #ဆိုယွန်း လွတ်လွတ်လပ်လပ်နေချင်တယ် ဘဝကို ပေါ့ပေါ့ပါးပါးဖ...