Ch 42🔞

11K 159 15
                                    

သူပြန်သွားတော့ သားက ငိုလိုက်တာ။
ညနေလည်း ထမင်းမစားတော့
မနည်းကို ချော့မော့ကျွေးရတယ်။

ညဘက် သားလေးအိပ်တော့ အန်တီက ဆိုယွန်းအခန်းထဲဝင်လာတယ်။

''သမီးရေ မြေးလေးအိပ်ပြီလား''

''ဟုတ် အိပ်သွားပြီအန်တီ မအိပ်ခင် တော်တော်ဂျီကျလိုက်သေးတာ''

''အင်း ကလေးလည်းသနားပါတယ်''

ဆိုယွန်း သားဆံပင်လေးတွေပွတ်သပ်ပေးပြီး စောင်ခြုံပေးလိုက်တယ်။

''သမီး အန်တီမေးစရာရှိတယ်''

''ဟုတ်''

''ဘာဒါက..
အင်း အန်တီစိတ်ထင်တာလည်းဖြစ်နိုင်ပေမယ့်
ဘာဒါက ကလေးအဖေပဲမလား''

''..''

''ဘာမှပြန်မပြောဘူးဆိုတော့ ဟုတ်နေတာပဲ
သမီးရယ်''

ပြောရင်း အန်တီက ဆိုယွန်းကို ဖက်တယ်။ ကျောကို ပုတ်ပေးရင်း

''သမီးလည်း ခံစားနေရတယ်ဆိုပေမယ့် သူလည်းသနားပါတယ် သူဘာအပြစ်လုပ်ထားလဲတော့ အန်တီမသိပေမယ့် အခုကြည့်ရသလောက် ယုံကြည်လို့ရပါတယ်သမီးရယ်''

''ဆိုယွန်းလည်း စိတ်တွေရှုပ်ထွေးနေပြီ အန်တီရယ် ဒါနဲ့ အန်တီက ဘယ်လိုသိသွားတာ''

''ကလေးတောင်သိတာကို အန်တီက မသိစရာလား
ရုပ်ကလည်းချွတ်စွပ်
အကြိုက်တွေလည်းတူ
အကျင့်တွေလည်းတူပြီး
သမီးကလည်း လိုတာထက်ပိုပြီး တင်းတင်းမာမာဆက်ဆံနေလို့လေ
မြောင်ဝူးကလည်း အာပါးဆိုပြီး ကပ်လိုက်တာ သိနေတဲ့အတိုင်းပဲ
စဥ်းစားပေါ့ သမီးရယ်
အန်တီကတော့ အရမ်းမတိုက်တွန်းပါဘူး သမီးသဘောပါ''

''ဟုတ်''

''ကဲ မနက်မှပြောကြတာပေါ့ အိပ်ပျော်အောင်အိပ်နော်''

အန်တီထွက်သွားတော့ ဆိုယွန်း သားဘေးမှာ အသာဝင်လှဲလိုက်တယ်။ ညဘက် အာပါးလို့ ယောင်နေတဲ့ သားကိုကြည့်ပြီး အတွေးတွေ ရှုပ်ယှတ်ခတ်နေတယ်။

.
.
.
.
နောက်နေ့ ဆိုယွန်းရုံးရောက်တော့
မနေ့က ရုံးမတက်လို့ လက်မှတ်ထိုးစရာတွေက ပုံနေတယ်။ ပြန်စစ်ရတဲ့ စာရင်းတွေရယ် တင်ပြချက်တွေကို ကြည့်ရင်း ထမင်းစားချိန်ရောက်သွားတယ်။
ဆိုယွန်း အတွင်းရေးမှူမလေးဝင်လာပြီး

ချစ်မိသော ပင်လယ် Where stories live. Discover now