ဒီနေ့က ယောန်ဂျွန်းပထမဦးဆုံးအကြိမ် ထယ်ရှင်းနန်းတော်အတွင်း လှည့်ပတ်သွားလာသည့် နေ့တစ်နေ့ပေါ့။
အရာအားလုံးသည် သူလက်မခံချင်သော်လည်း လက်ခံရမည့်အရာများဖြစ်လာ၏။
ခမည်းတော်တို့နှင့်တစ်ခါထဲ လိုက်သွားနိုင်ခဲ့လျှင်ကောင်းမည်ဟုလည်း ခဏခဏတွေးနေမိခဲ့သည်။ သူများတိုင်းပြည် သူများလက်အောက်မှာ ခမည်းတော်တို့ကဘာလို့များ နေခဲ့စေချင်သလဲ သူမစဉ်းစားတတ်ခဲ့။
အထိန်းတော် ရှင်း သည် ဒီမနက်တွင်မှ ထယ်ရှင်းမင်းကြီးကိုယ်တိုင်ပေးအပ်ထားသော အထိန်းတော်ဖြစ်သည်။ တစ်ပြိုင်နက်တည်း ဘဲ့ချူးတွင်ရှိခဲ့သော သူ၏အထိန်းတော်အား သတိရမိတော့ မျက်ရည်ဝဲရပြန်သည်။
အထိန်းတော်ရှင်းသည် နန်းတော်တခွင် လှည့်ပတ်လိုက်ပြရှင်းပြပေးသည်။ စိတ်နှင့်လူနှင့်မကပ်သော သူ့အဖို့ မည်သည့်အကြောင်းအရာကမှ ဦးနှောက်ထဲမဝင်ခဲ့။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်နားရအောင်လား အထိန်းတော်ရှင်း..ယောန်ဂျွန်း နေလို့မကောင်းဘူးဖြစ်နေလို့ပါ"
"မင်းသား သဘောအတိုင်းပါ ဒါဆို ဒီလောက်နဲ့ပဲ ပြန်ကြတာပေါ့ ဒါပေမယ့် အဆောင်တော်မပြန်ခင် မင်းကြီးဆီ-"
"အဆောင်ကိုပဲ တန်းပြန်ချင်ပါတယ် မင်းကြီးဆီကို အထိန်းတော်ရှင်းကပဲ သွားလျှောက်ပေးပါ"
"ဟုတ်ကဲ့ပါ"
ဒီလိုနဲ့ အပြန်လမ်းတွင် အထိန်းတော်ရှင်းမှာ နောက်တစ်လမ်းကပတ်သွားခဲ့ပြီး မထင်မှတ်ပဲ ထယ်ရှင်းနန်းတော်၏ အလှပဆုံးသော နေရာတစ်ခုအား သူမြင်တွေ့ခဲ့ရသည်။
ဤသည်မှာ ထယ်ရှင်း၏ ပန်းဥယျာဉ်။
"မင်းသားလေး ဒီထဲကို ခဏလောက်ဝင်ကြည့်ချင်ပါလား"
အထိန်းတော်ရှင်းသည် သူ၏စိတ်အားသဘောပေါက်ပုံရ၏။
"ကျွန်တော်မျိုးက ညနေခင်းလောက်မှ ပန်းဥယျာဉ်ကိုလိုက်ပြပေးမလို့ပါ နေဝင်ချိန်ရောက်ရင် ဒီပန်းဥယျာဉ်ကသိပ်ကိုလှတာလေ ဒါပေမယ့်မင်းသားလေးက အခုပြန်နားချင်တယ်ဆိုတော့ မနက်ဖြန်ညနေမှပဲ လိုက်ပြပေးမယ်လို့တွေးလိုက်တာ အခုဝင်ချင်လည်းရပါတယ်"
YOU ARE READING
Moral of the story
Fanfictionyoung people fall in love with the wrong people sometimes..