တောထဲတွင်ဖြစ်ခဲ့သည့် ကိစ္စကြောင့် ဘောမ်ဂယူနှင့် လီယွန်းမှာ ရက်သတ္တပတ်ထိ နန်းပြင်ထွက်ခွင့် ပိတ်ခံရသည်။ ယောန်ဂျွန်းကိုလည်း တစ်နေရာရာသွားချင်လျှင် မင်းကြီးအရင်ဦးစွာလျှောက်တင်စေခဲ့သည်။
အမှန်တိုင်းပြောရလျှင် အဲ့ဒီနေ့ကအိမ်ရှေ့စံသာ ထိုနေရာတွင်မရှိနေလျှင် သူယခုချိန်တွင် ဒီနေရာတွင်ရှိမနေနိုင်လောက်တော့ဘူးထင်ပါသည်။
အိမ်ရှေ့စံသည် ထိုနေရာတွင် ဘယ်လိုလုပ်ရှိနေခဲ့သည်ကိုမသိ။ ကူညီတာကို ကျေးဇူးတင်ပေမယ့် ညီတော်တို့အား ပြောချင်သလိုပြောဆိုခဲ့သည်ကိုတော့ မကြိုက်ပါ။
ယောန်ဂျွန်း အခုပန်းဥယျာဉ်အတွင်း ရှိနေခြင်းဖြစ်ပြီး ချယ်ရီပန်းတို့ပွင့်ရာ ချယ်ရီပင်တို့အောက်တွင်ရှိနေသည်။ စိတ်ပြေလက်ပျောက် ချယ်ရီပင်မှချယ်ရီပန်းတို့ကြွေကျနေသည်အား ကြည့်ရင်း ပန်းချီကားထက် ရေးဆွဲနေမိ၏။
ထိုမြင်ကွင်းအား အိမ်ရှေ့စံမှာ မလှမ်းမကမ်းမှကြည့်နေလျက်
"အထိန်းတော်လီ"
"ပြောပါ အိမ်ရှေ့စံ"
"တကယ်ဆို ချွဲယောန်ဂျွန်းက ကိုယ်တော့်ကိုကျေးဇူးတင်ရမှာမဟုတ်လား သူ့ကိုအသက်အန္တာရာယ်ကနေလွတ်အောင် ကူညီပေးခဲ့တာ သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ကို"
အထိန်းတော်လီမှာလည်း အလိုက်သိစွာဖြင့်
"မှန်ပါတယ် အိမ်ရှေ့စံ..မင်းသားယောန်ဂျွန်းက အိမ်ရှေ့စံကိုကျေးဇူးတင်သင့်ပါတယ် ကျွန်တော်မျိုးအထင် အိမ်ရှေ့စံနဲ့မတွေ့သေးလို့ထင်ပါတယ်"
"ကိုယ်တော့်ဆီကို တမင်လာပြီးတော့ကို ကျေးဇူးတင်သင့်တာလေ"
"......"
"သူ မလာတော့လည်း ကိုယ်တော်ပဲသွားတွေ့ရတာပေါ့"
အိမ်ရှေ့စံသည် မင်းသားယောန်ဂျွန်းရှိရာသို့ တည့်တည့်သာသွားခဲ့၏။
ချယ်ရီတောထဲတွင် ဘုရင့်ကိုယ်လုပ်တော်များနှင့် အခြွေအရံတစ်ချို့လည်းရှိ၏။ သူ့နေရာနှင့်သူ စုကာ စုကာ အပန်းဖြေနေကြသည်။
YOU ARE READING
Moral of the story
Fanfictionyoung people fall in love with the wrong people sometimes..