Chapter - 5

121 18 5
                                    

"ဘာလို့အဲ့လောက်ထိမှိုင်နေရတာလဲ ထယ်ဟျွန်း"

သူတို့အိမ်ရှေ့ရှိ မက်မွန်ပင်ကြီးအောက်တွင်ထိုင်လျက် ဘဲငန်းနှစ်ကောင် ခေါင်းချင်းဆိုင်နေသော ရုပ်ပုံပါရှိသည့် ယပ်တောင်အား ဖြန့်လျက်သား ကိုင်ဆောင်ထားကာ မှိုင်တွေနေသူကြောင့် ယူဂျောင်မှာ စကားစသလိုနှင့် မေးလိုက်လေသည်။

"ယောန်ဂျွန်းက ခရီးသွားတာ ဘယ်ကိုသွားလဲဆိုတာသေချာမပြောခဲ့ဘူး မင်းပြောကြည့်သူဘယ်ကိုသွားမယ်ထင်လဲ"

"သူ့မိဘအိမ်လို့ပြောခဲ့တာပဲလေ မင်းကိုရောငါ့ကိုရော"

"ဘယ်တော့ပြန်လာမလဲမသိဘူးကွာ သူ့အိမ်ကလည်းအိမ်အကူတွေပဲ ကျန်ခဲ့တယ် ဘယ်သူ့မေးမေး သူတို့ဘာမှမသိပါဘူးပဲဖြေနေတာပဲ"

"သွားတာနှစ်ရက်ပဲရှိပါသေးတယ် ထယ်ဟျွန်းရာ ပြန်လာမှာပေါ့ ဘာတွေလော"

"သူမရှိတော့ ဘယ်သူနဲ့လျှောက်သွားရမှာလဲ မင်းကလည်းတစ်ချိန်လုံး ကောင်မလေးနောက်ပဲလိုက်နေတယ်"

"မင်းကလည်း မကျေနပ်ရင်မင်းရောလိုက်ခဲ့လေ"

"ဘာလိုက်လုပ်ရမှာလဲ ငါရောကူလိုက်ပေးရမှာလား မင်းကောင်မလေးကို"

"ဟာ ဟာ အဲ့လိုတော့မဟုတ်ဘူးလေ ငါအဖြေရခါနီးပါပြီကွာ ဂျူဂျီမြို့ရဲ့အချောဆုံးအလှဆုံးလေးဆိုတော့ လိုက်ရတာခက်တယ်ကွ"

"ဘာကိုအဖြေရခါနီးတာလည်း ဟိုကဖြင့် ချွဲယောန်ဂျွန်းကလွဲရင်ဘယ်သူ့မှယောကျာ်းထင်တာမဟုတ်ဘူး"

ယူဂျောင်မှာ အရှိုက်ထိသွားဟန် မဲ့ကျသွားသောမျက်နှာကြောင့် ထယ်ဟျွန်းမှာ ရယ်လိုက်ရသည်။

"စတာပါကွာ မင်းကလည်း ဟားဟားဟား"

"ဒါနဲ့ ချွဲယောန်ဂျွန်းက တော်တော်ချမ်းသားတာပဲနော်"

"အေးကွာ သူမိဘတွေက ထယ်ရှင်းမြို့ကြီးမှာနေကြတာကို ဒီလိုမြို့မှာ ယောန်ဂျွန်းနေဖို့အတွက် အိမ်တစ်လုံးသပ်သပ်ထပ်ဆောက်ပေးထားတယ်တဲ့ တကယ့်ကိုသူဌေးသားပဲ"

"ထယ်ရှင်းမြို့ကသူတို့အိမ်ကိုရောက်ဖူးချင်လိုက်တာ တော်တော်ကြီးကျယ်မယ်ထင်တယ်"

Moral of the storyWhere stories live. Discover now