ထယ်ရှင်းသည် မကြာခင် စစ်ပြုတော့မည်ဖြစ်ကြောင်း ယောန်ဂျွန်းသိ၏။ သို့သော် အိမ်ရှေ့စံကိုယ်တိုင် စစ်ကြောင်းချီတက်မည်ဆိုသည်ကိုဝောာ့ ယနေ့မှသိသည်။
အတွေ့အကြုံမရှိသေးသော်လည်း သေချာပေါက် အောင်အောင်မြင်မြင် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းကို ယောန်ဂျွန်းသိသည်။ ယခုတိုက်ရမည့်တိုင်းပြည်မှာ ထယ်ရှင်းနှင့်ယှဉ်လျှင် နယ်မြေအားဖြင့် သေးငယ်သည်ဟုဆို၍ရသော်လည်း စစ်အင်အားသည် မသေး။ လျော့တွက်၍မရပေ။ သေချာပေါက်အောင်နိုင်မည်ဟုခန့်မှန်းရသော်လည်း အကျအဆုံးများနိုင်၏။
အိမ်ရှေ့စံတစ်ခုခုထိခိုက်နိုင်မည်ကို မင်းကြီး မစဉ်းစားမိသည်ဝောာ့မဖြစ်နိုင်ပါ။ သေချာပေါက် အိမ်ရှေ့စံကိုယ်တိုင်ကလိုလိုလားလား ဖြစ်နေလို့သာဖြစ်ပေမည်။
သို့ပေမယ့် ဒါသည် ယောန်ဂျွန်းအတွက်အခွင့်အရေးတစ်ခုဖြစ်လာ၏။
ယောန်ဂျွန်း မနက်ကညီလာခံသို့တက်ရောက်အပြီး နေ့ခင်းတွင် စာတမ်းပြုစုရမည်ဖြစ်သည်။ ထို့ကြောင့်ပန်းဥယျာဉ်ထဲရှိ စာကြည့်ဆောင်သို့သွားရောက်ကာ လိုအပ်သည့်စာအုပ်များအားရှာဖွေ ဖတ်ယူနေရသည်။ သူနှင့်အတူ အမတ်ကြီး ဂီ လည်းပါသည်။ အမတ်ကြီးဂီ မှာ ပညာရေးဌာနတစ်ခုလုံးတွင် သူ့အားဂရုအစိုက်ဆုံးသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် အမတ်ကြီးဂီနှင့် အဆင်ပြေသည်ဟုပြော၍ရ၏။
ယောန်ဂျွန်း တာဝန်ထမ်းဆောင်ချိန်၌ အထိန်းတော်လီသည် အိမ်ရှေ့စံအနားသို့သွားရောက်ခစားရ၏။ သူအမှန်တကယ်ပင် ထယ်ရှင်း၏ပညာရေးအား စတင်လေ့လာနေရသည်။
ယောန်ဂျွန်းအနည်းငယ်မျှ ပြုံးလိုက်မိသည်။ သူ့အား နိုင်ငံရေးတွင်ဝင်ရောက်စွက်ဖက်လာနိုင်သည်ကိုစိုးရိမ်၍ ထယ်ရှင်း၏သမိုင်းတစ်ခုလုံးအား သိနိုင်မည့်နေရာတွင်ထားပေးသည်တဲ့။
ထယ်ရှင်း၏ စားဝတ်နေရေး၊ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး စသည်တို့အား တစ်နေရာထဲတွင်နေ၍ အလုံးစုံသိနိုင်သည့်နေရာတွင် ထားပေသည်တဲ့။
သူ့အား သိပ်ကိုလျော့တွက်လွန်းသည်။
စောင့်ကြည့်နေသည့် မျက်လုံးများရှိသည်ကိုတော့ သိပါ၏။ သို့ပေမယ့် တစ်ချိန်လုံးစောင့်ကြည့်နေနိုင်ကြသည်မှမဟုတ်ဘဲ။

YOU ARE READING
Moral of the story
Fanfictionyoung people fall in love with the wrong people sometimes..