တိတ်ဆိတ်လွန်းသော ညတစ်ည။
ယောန်ဂျွန်း တစ်နေကုန်ပင်ပန်းထားသောကြောင့် စောစောအိပ်ယာဝင်ခဲ့သောလည်း ထင်သလိုအိပ်မပျော်ခဲ့။ယောန်ဂျွန်း ကြားနေကျ ပုလွေသံကို မျှော်လင့်နေခဲ့သည်။ သို့သော် မျှော်သာမျှော်တာ ပုလွေသံသည်တိုးတိုးလေးပင်မကြားခဲ့ရ။
ယောန်ဂျွန်းသည် ပညာရေးအမတ်တစ်ပါးအဖြစ်တာဝန်ပေးခြင်းခံရပြီး ဒီနေ့ပဲ စတင်ပြီးတာဝန်ထမ်းဆောင်ရသည်။
ဂျူဂျီမြို့တွင်ပညာသင်ကြားစဉ်က စာမေးပွဲတိုင်းတွင် ထိပ်ဆုံးကအောင်မြင်ခဲ့သည်။ ကိုယ်ခံအားနည်းကာသက်လုံမကောင်းသည်မလို့ ဓားရေး၊ လှံရေးနှင့် မြားပစ်တို့တွင် ကောင်းကောင်းမစွမ်းနိုင်ပေ။ ထို့ကြောင့် ပညာရေးဘက်တွင် တာဝန်ပေးခြင်းခံရသည်ဟု အမတ်ကြီးတစ်ချို့ပြောသံကြား၏။
အမှန်တကယ်ရော ထိုသို့ဖြစ်နိုင်ပါ့မလား။ ယောန်ဂျွန်းမထင်ပါ။ မင်းကြီးက တိုင်းပြည်ရေးရာတွင် များများဝင်ရောက်မစွက်ဖက်နိုင်ရန် သူ့ကိုထိုတာဝန်ပေးသည်ဟုယူဆ၏။
ယခုသူကထယ်ရှင်း၏ပညာရေးတစ်ခုလုံးကိုအစကနေစတင်လေ့လာနေရသည်။ ခေတ်အဆက်ဆက်သင်ကြားခဲ့သော ပညာရေးစနစ်အား အသေးစိတ်လေ့လာနေရသည်။
ပညာရေးဌာနရှိ အမတ်များမှာ သူ့အားလိုတာထက်ပိုမဆက်ဆံကြ။ မျက်နှာတွင်အပြုံးများဆင်မြန်းထားကြသော်လည်း အစစ်အမှန်ဟုသူမခံစားရချေ။
ထို့ကြောင့်တစ်နေ့လုံး သူလုပ်စရာရှိတာလုပ်၊ လေ့လာစရာရှိတာကိုသာလေ့လာနေခဲ့သည်။
ယခုလည်း ပင်ပန်းနေသည်မလို့စောစောအနားယူခဲ့သော်လည်း မျက်လုံးကြောင်နေကာ အိပ်မပျော်။
ကြိုးစားအိပ်စက်ကြည့်ပါသော်လည်းမရတာကြောင့် နောက်ဆုံး အိပ်ယာမှထကာ လမ်းလျှောက်ထွက်ရန်ဆုံးဖြတ်လိုက်သည်။
မင်းသားတို့အိပ်စက်ရာအဆောင်နား မနီးမဝေးတွင် ကြာမျိုးငါးပါးလှပစွာပွင်ကြသည့် ကြာကန်ကြီးတစ်ကန်ရှိ၏။ ထိုကန်ကြီး၏အလယ်တွင် ရေပေါ်အိမ်လေးတစ်လုံးဆောက်ထားပြီး အကာအရံမှာ လူတစ်ယောက်၏ ခါးလောက်ထိသာ ကာရံထားသည်။ ထိုအိမ်လေးသို့ ရောက်ရန် ကြာကန်အစပ်မှ တံတားလေးတစ်ခုလည်းဆောက်လုပ်ထားသေးသည်။
YOU ARE READING
Moral of the story
Fanfictionyoung people fall in love with the wrong people sometimes..