Two

94 5 0
                                    

ဂျောင်ကုတစ်ယောက် မနေ့ညမီယာနဲ့လမ်းခွဲပြီးတည်းကတစ်ရေးမှမအိပ်ရသေးပါ  သစ္စာအဖောက်ခံရတဲ့ခံစားချက်ကို ကာယကံရှင်ကလွဲဘယ်သူကသိမှာလဲ
ချစ်ခဲ့တယ်လို့ထင်ခဲ့တာ နောက်ဆုံးမှသစ္စာအဖောက်ခံလိုက်ရတာမို့ သူ တကယ်ကိုခံပြင်းခဲ့သည်၊၊

မီယာ သူ့အကြောင်းပြောရရင် သိပ်လှပြီး ထက်မြတ်လွန်းတဲ့မိန်းမတစ်ယောက်ပေါ့ ပြီးတော့အရမ်းလည်း ပေါ့ပြတ်ပြတ်နိုင်လွန်းတယ် ဘယ်အရာမှလည်းအလေးမထားခဲ့ဘူး သူအလေးမထားတဲ့အထဲကိုယ်ပါ ပါသွားခဲ့တာပဲ...
___________________________________

မနက် 9:00

ဂျီမင်းတစ်ယောက်မနေ့က ကိုယ့် limit ကိုကျော်ပြီးသောက်ခဲ့မိသည်မို့ အခုရီဝေဝေနဲ့သာရုံးကိုရောက်နေသည်

"ဟေး ဘရို မျက်နှာမကောင်းပါလား"

"အေးညကနည်းနည်းများသွားတယ်"

"မင်းကလည်းစွတ်မသောက်နဲ့ပေါ့ကွာ"

"မသောက်ပါဘူး ဒါနဲ့နေဦး ငါမနက်ရုံးရောက်တည်းက
ယောက်ယက်ကိုခက်နေကြတာပဲ ဘာတေဖြစ်နေကြတာလဲ ငါ့ဟာငါ့တောင်ရီဝေဝေဖြစ်နေတာကိုသူတို့ကြည့်ပြီးပြန်မူးချင်နေတယ်"

"ဟင်! မင်းမသိသေးဘူးလား"

"ဘာလဲ"

"မင်းတို့ဂျာကြီးကရာထူးတက်ပြီးငါတို့ဌာနကိုရောက်လာပြီလေကွာ မင်တို့ဆီကိုဒီနေ့ဟိုဘက်ရုံးချုပ်ကမန်နေဂျာအသစ်ရောက်မှာ"

"ဘယ်လို ယုံးယွာ မင်းတကယ်ပြောတာလား ဟိုမန်နေဂျာအစုတ်ပလုပ်ကမရှိဆော့ဘူးပေါ့"

"အေး"

"အမလေးဘုရားသကြားမလို့အသစ်ရောက်လာတဲ့ ဂျာကြီးက ဟို ဂျာစုတ်လိုမခိုင်းပါစေနဲ့ဘုရား"

ဂျီမင်းကိုကြည့်ပြီးယုံးယွာရီသည်

"ဟေ့ကောင်တိုးတိုးလုပ်စမ်း ကြားသွားမယ်
ကဲငါသွားမယ် ဂျီမင်း ဂျာသစ်နဲ့ကံကောင်းပါစေကွာ"

"ကျေးဇူဘရို"

ယုံးဟွာပြန်သွားတဲ့အချိန်ကွက်တိဆိုသလို
ဌာနာမှူးနဲ့အတူ ရောက်လာတဲ့မန်နေဂျာအသစ်ဆိုသူ
ဒီလူ ငါဒီလူကိုမြင်ဖူးပါရဲ့

I'm so in love with You Where stories live. Discover now