အခန်း "1"

6.4K 147 9
                                    

ခြံတစ်ခြံရှေ့တွင် ခွန်း စက်ဘီးကို ခြေထောက်ဖြင့် ထောက်ရပ်လိုက်ပြီး စက်ဘီးခြင်းထဲက သတင်းစာတစ်စောင် ယူကာ ခြံထဲလှမ်းပစ်လိုက်သည်။လှမ်းပစ်နေကျမို့  ခေါက်ထားသည့် သတင်းစာလိပ်က ခြံထဲရှိ ခုံတန်းပေါ်သို့ တည့်တည့်မတ်မတ်ပင် ပြုတ်ကျသည်။ဒီသတင်းစာက နောက်ဆုံး သတင်းစာမို့ လှမ်းပစ်ပြီးသည်နဲ့  ခွန်း စက်ဘီးကိုပြန်ကွေ့ကာ အိမ်ပြန်လမ်း ဘက်ဦးတည်လိုက်သည်။စက်ဘီးကို စနင်းလိုက်သည်နဲ့‌လေပြေအေးအေးတွေက ခွန်း မျက်နှာထက် လာတိုးဝှေ့သည်။

မနက်ခင်း ရာသီဥတုကသာသာယာယာပင်ရှိသည်။လမ်းတစ်လျှောက် တွင် ‌လူတွေက ဟိုဒီသွားလာ လှုပ်ရှားနေကြလျက်။ခွန်း စက်ဘီးကို အရှိန်တင် နင်းကာ အိမ် သို့ ခပ်မြန်မြန်ပြန်လာသည်။‌ရေချိူး မနက်စာ စားပြီးသည်နဲ့ သူ ဦးတုတ်ကြီး ထမင်းဆိုင်သို့ နေ့တစ်ပိုင်း စားပွဲထိုး သွားလုပ်ရအုံးမည် မဟုတ်လား။ခွန်း စီးနင်းလာသည့် စက်ဘီးလေးက အတော်အသင့်ကျယ်ဝန်းပြီး သစ်သားခြံစည်းရိုးတန်းကာထားသည့် ခြံဝန်းလေးထဲသို့ ဝင် ရောက်လာသည်။ခွန်း စက်ဘီးလေးကို အိမ်ရှေ့တွင် ဒေါက်ထောက်ရပ်ထားလိုက်ပြီး အိမ်ထဲသို့ ဝင်လာသည်။ခွန်း တို့ မိသားစုနေသည့် အိမ်လေးက အုတ်၊သစ်သား နှစ်ထပ်အိမ်လေးဖြစ်သည်။အောက်ထပ်က အုပ်ကာထားကာအပေါ်ထပ်တွင် ပျဉ်ကာထားသည်။

"ဟော..သားချိူတောင်ပြန်လာပြီ"

အိမ်ရှေ့ခန်း ကြိမ်ထိုင်ခုံပေါ်တွင်ထိုင်ကာ မျက်မှန်တစ်လက်တပ်လျက်ဆန်ရွေးနေသည့် အဘွားက ခွန်းကို မြင်သည်နဲ့ နှုတ်ဆက်သည်။

"ဟုတ်...အဘွား"

"ရေချိူးမှာဆို ချိူး..ချိူး အဘွား ထမင်းပွဲပြင်ထားမယ်"

"ဟုတ်..အဘွား သားမြန်မြန်ချိူးလိုက်မယ်"

"အေး..အေး"

ခွန်း လွယ်ထားသည့် အိတ်ကို ချွတ်ကာ တိုင်တွင် ချိတ်ထားလိုက်ပြီး အပေါ်ထပ် သူ့အခန်းထဲသို့ ခပ်မြန်မြန်ပင်ပြေးတက်လိုက်သည်။ကိုယ်မှာ ဝတ်ထားသည့် အဝတ်အစားတွေ အကုန်ချွတ်ကာ ပုဆိုးတစ်ထည်ကောက်စွပ်သည်။ခွန်း အခန်းက ယောကျာ်းလေးတစ်ယောက်နေသည့်အခန်းလို့ပင် မထင်ရအောင်သန့်ရှင်း သပ်ရပ်နေလျက်။အခန်းထဲရှိ ခွန်းရဲ့စာကြည့် စားပွဲပေါ်တွင် နှင်းဆီပန်းထိုးသည့် ပန်းအိုလေးတောင် ရှိနေသည်။ခွန်း တပ်ဆင်ထားသည့် မျက်မှန်ထူထူဝိုင်းဝိုင်းကြီးကို ချွတ်ကာ စားပွဲပေါ်တင်ထားလိုက်ပြီး အောက်ထပ်သို့ အပြေးဆင်းလာပြန်သည်။ခွန်း အောက်ထပ်ရှိ အုတ်ကန်ကြီးဘေးတွင် ရေ‌တဝုန်းဝုန်းလောင်းချိူးသည်။မနေ့ညက ဝတ်ထားသည့် ပုဆိုးနဲ့အင်ကျီကို ပုံလေးထဲတွင်ဆပ်ပြာမှုန့်အရည်ဖျော် ကာထည့် စိမ်ထားလိုက်သည်။ညနေ သူ ထမင်းဆိုင်မှပြန်ရောက်လျှင် လျှော်ရမည်ဖြစ်သည်။

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Where stories live. Discover now