အခန်း "8"

633 46 7
                                    

တစ်လျှောက်လုံး ပွေ့ချီသယ်လာရသည့် ပိန်သွယ်သွယ်ခန္ဓာကိုယ်အား   ပိုင်မှူးမွေ့ယာပေါ် သို့ ပစ်တင်လိုက်သည်။အိစက်နေသည့် မွေ့ယာကြောင့် ထင်သည်။သူ မွေ့ယာပေါ်ဘိုင်းခနဲ ပစ်တင်လိုက်သည်တောင် ထိုကောင်လေးက နိုးလာခြင်းမရှိပဲ အင်းအဲ လုပ်ကာ တစ်ဖက်သို့လှည့်စောင်းအိပ်သည်။ထိုရုပ်ဆိုးကောင်လေးအား သူ အပင်ပန်းခံပြီး ဘာလို့ ဒီအထိ ခေါ်လာခဲ့မိသည်လည်း သူကိုယ့်သူမသိပေ။သေချာသည်က ထိုရုပ်ဆိုးကောင်လေး ကာရာအိုကေခန်းထဲတွင် ဖြစ်သလို အိပ်ပျော်နေသည်အား သူ ဒီအတိုင်းမချန်ထားခဲ့ နိုင်ခြင်းဖြစ်သည်။ထိုရုပ်ဆိုးကောင်လေးအား ပွေ့ချီလာရသည့် တစ်လျှောက်လုံး ရရှိနေသည့် ရနံ့သင်းသင်းက သူ့ကိုယ်တွင် စွဲထင်ကျန်နေခဲ့သည်။

"အေ့..ရေ..ရေဆာတယ်..ငါ ဘုရားမရှိခိုးရသေးဘူး..အင်းး"

အိပ်ပျော်နေသူထံမှ ဗလုံးဗထွေး စကားသံအချိူ့ထွက်ပေါ်လာသည်မို့ ပိုင်မှူး မျက်ခုံးအစုံ ကျူံ့သည်။ဘာပြောလိုက်တာလဲ။ပိုင်မှူး သေချာနားစိုက်ထောင်ရန်ပြင်လိုက်ပေမဲ့ မူးကာ အိပ်ပျော်နေသူက ဘာမှ ထပ်မဆိုလာတော့ပေ။ထိုရုပ်ဆိုးကောင်လေးဝတ်ထားသည့် ပုဆိုးက ခါးတွင်ပြေလျော့နေကာ ခါးသွယ်သွယ်ဖွေးဖွေးက ပေါ်နေပြီ ဖြစ်သည်။သူ့ဘက် နောက်ကျောပေးထားသည်မို့ အသားပြည့်သည့် လုံးကျစ်ကျစ်တင်လုံးလေးက ပိုမိုမို့မောက်နေသယောင်ထင်ရသည်။

ပိုင်မှူး စက္ကန့်အတော်ကြာ စိုက်ကြည့်နေမိပြီးမှ ဖြတ်ခနဲ မျက်နှာလွှဲမိသည်။ဒီလိုပုံစံနှင့် ဒီကောင်လေး ဒီအရွယ်ရောက်သည်အထိဘဝကို ဘယ်လိုရှင်သန်လာသည်လည်း မသိပါ။အခုလို မူးရုးပြီးအိပ်ပျော်နေသည်မှာ တစ်ယောက်ယောက်က သူ့ကို ဖင် တက် ချသွားလျှင်တောင် သိမည်မဟုတ်ပေ။ပိုင်မှူး ခုတင်ပေါ်တွင် ရှိသည့် စောင်ဖြူကိုသာ ထိုကောင်လေး ကိုယ်ပေါ် ဖြစ်သလို ပစ်တင်လွှမ်းခြုံပေးလိုက်ပြီး ခုတင်နားမှ ထွက်ခွာလာလိုက်သည်။ဆက်ကြည့်နေလျှင် သူ့အောက်ပိုင်းက တုံ့ပြန်မှုတချိူ့ ရှိလာတော့မည်။

သူ လည်း ဝီစကီသုံးခွက်မျှ ပါးစပ်ထဲ ဝင်ထားသည်မို့ ရီဝေဝေဖြစ်သည်။မူးနေပြီလားတောင် မပြောတတ်။မဟုတ်လျှင် ထိုရုပ်ဆိုးကောင်လေးနောက်ပိုင်းက ဘာလို့ဆွဲဆောင်မှုရှိတယ်လို့ ထင်မိမှာလဲ။ပိုင်မှူး ရေချိူးခန်းထဲ ဝင်လာလိုက်သည်။ဒီဟိုတယ်က သူ အမြဲလာနေကျမို့ ဒီအခန်းက သူ့အိမ်လိုတောင် ဖြစ်နေပြီ ဖြစ်သည်။ကိုယ်မှာဝတ်ထားသည့် ဘောင်းဘီနှင့်အင်္ကျီကို ချွတ်ကာ ပိုင်မှူး ရေပန်းအောက်ဝင်သည်။ညအိပ်ရာဝင်ခါးနီးတိုင်းရေချိူးတတ်သည်က သူ့အကျင့်ဖြစ်နေပြီ ဖြစ်သည်။ရေဝအောင် ချိူးပြီးမှ ပိုင်မှူး bathrobeတစ်ထည် ကောက်ဝတ်ကာ အခန်း ဘက်ပြန်လျှောက်လာသည်။

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Donde viven las historias. Descúbrelo ahora