အခန်း "4"

870 51 14
                                    

မှန်နံရံတို့ကာရံထားသော သုံးထပ်တိုက်ရှိ ဗီလာကျယ်ကြီးက သာယာကြည်လင်သော အပြာရောင် ကောင်းကင်ပြင်ကြီးအောက် ခမ်းနားကြီးကျယ်စွာ တင့်တယ်နေသည်။ပြာလဲ့နေသော ရေကူးကန်ကျယ်ကြီးဘေးရှိ အုန်းပင်များ။ခြံထဲတွင် စိုက်ပျိူးထားသော အလှသစ်ပင်ပုစိမ်းအုပ်အုပ်လေးများ၊အလှရေပန်းမှ ဖြာကျနေသည့် ကြည်လင်သော ရေစများ၊ဗီလာထဲ ရှိ အရာဝတ္ထုအားလုံးသည် ကြွယ်ဝချမ်းသာမှုတို့ကို တာဝန်ကြေစွာအပြည့်အဝဖော်ဆောင်ပြနေကြလျက်။

တန်ဖိုးကြီးမားကာပြောင်လက်နေသော အနီရောင် motor cycleတစ်စီးက ဗီလာထဲသို့ အရှိန်ပြင်းစွာမောင်း ဝင်လာသည်။ထို ဆိုင်ကယ် တိုက်ကြီးရှေ့တွင် ထိုးရပ်လိုက်သည်နှင့် အိမ်ထဲရှိ တူညီဝတ်စုံဝင်ဆင်ထားသောအလုပ်သမား နှစ်ဦးက အလျင်အမြန် ပြေးထွက်လာကြလေသည်။ဆိုင်ကယ်ပေါ်မှ ဆင်းလာသည့် အရပ်ရှည်ရှည်လူငယ်လေးရှေ့ရောက်သည်နှင့် ထိုအလုပ်သမားနှစ်ဦးက ခေါင်းငုံ့ ခါးညွှတ်ကာ.....

"သခင်လေး ပြန်လာပါပြီလား"

အလုပ်သမားနှစ်ဦးရဲ့ သံပြိုင်နှုတ်ဆက်သံကို ထိုအရပ်ရှည်ရှည်လူငယ်လေးက မည်သို့မှ တုံ့ပြန်ခြင်းမရှိပဲ မေးသိုင်းကြိုးခလုတ်ကို ဖျောက်ခနဲနှိပ်ကာ ဆောင်းထားသည့် halmetအနီကို ဆွဲချွတ်သည်။ဆိုင်ကယ်ဦးထုပ်ချွတ်သံကြားသည်နှင့် အလုပ်သမားနှစ်ဦးအလျင်အမြန်ခေါင်းပြန်ထောင်လာကာ အရပ်ရှည်ရှည်လူငယ်လေးရဲ့ လက်ထဲမှ helmetကို အလိုက်တသိသယ်ဆောင်သည်။

ဆိုင်ကယ်ဦးထုပ်ချွတ်လိုက်တော့ ခဲဖြူရောင်ဆိုးထားသည့် ဆံပင်၊ချောမောကာတည်တင်းနေသည့် မျက်နှာနုနု ပေါ်ထွက်လာသည်။အရပ်က အတော်ရှည်ကာ ရှေ့က အလုပ်သမားနှစ်ဦးထက်ပင် ခေါင်းတစ်လုံး ပိုရှည်သည်။ထိုလူငယ်က ဆိုင်ကယ်သော့ကို အလုပ်သမားတစ်ဦးထံ ပစ်ပေးလိုက်ရင်း.....

"ဒယ်ဒီ အိမ်ရောက်နေတာလား"

ရှေ့တွင် မြင်ရသည့် အနက်ရောင်BMW ကားကို တစ်ချက်ဝေ့ကြည့်ကာ ပိုင်မှူး မေးသည်။မနက်ဆယ်နာရီရှိနေပြီမို့ ဒယ်ဒီ ဒီအချိန် companyတွင် ရှိနေရမှာဖြစ်သည်။သူ ဒယ်ဒီခေါ်ထားသည် ဖုန်းcallsတွေ ကို တွေ့ပါသည်။အိမ်ပြန်ရောက်ရင် အပွားခံရမည်မှာ သေချာသည်မို့  သူ ဒယ်ဒီမရှိချိန် ရွေးပြန်လာပါသည်ဆိုသည်မှ ဒယ်ဒီနှင့်တိုးတာလား။

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Où les histoires vivent. Découvrez maintenant