အခန်း "5"

902 56 23
                                    

အတူယှဥ်တွဲလျှောက်လာကြရင်း ခွန်း ခြေလှမ်းတွေက ရှက်ရွံ့သလိုတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေကာ ခေါင်းအား အောက်သို့ အတင်းငုံ့ထားသည်။သူ့ဘေးက အလှလေး ခေး ကတော့ ခေါင်းလေးမော့ကာ ကြော့ကြော့မော့မော့ ခြေလှမ်းသည်။သူ ဝတ်ထားသည်ကို လည်း ကြည့်အုံးလေ။cargo ဘောင်းဘီပွနှင့် ရင်ဘတ်တွင် အဟပါသည့် croptopခါးတို အင်္ကျီလေးကို တွဲဖက်ဝတ်ဆင်ထားသည်။မလိုက်ဖက်သည်မရှိပဲ တကယ့်မိန်းမငယ်လေးနှင့် တူနေသည်မို့ လူပျိူဖြန်းလေး ခွန်း ခေးနှင့်အတူယှဥ်တွဲ မလျှောက်ရဲစွာ ရှက်ရွံ့နေရတာဖြစ်သည်။

ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်တွေ့ရသည့် ကျောင်းသူ၊ကျောင်းသားများကလည်း ခွန်း တို့အား သိသိသာသာတစ်ဖုံ၊မသိမသာ တစ်ဖုံ အကဲခတ်ကြည့်သွားကြသည်မို့ ခွန်း ခေါင်းပင် မဖော်ရဲတော့။သူတို့နှစ်ယောက်ကို အတွဲတွေလို့ ထင်နေကြတာတော့ မဟုတ်ပါဘူးနော်။

"မင်းကလည်း နှေးလိုက်တာ၊မြန်မြန်လျှောက်စမ်းပါ"

ခေး က စိတ်မရှည်စွာဆိုရင်း နောက်ကျ ကျန်နေခဲ့သော ခွန်း လက်မောင်းအား တွဲကိုင်လာကာ ဆွဲ ခေါ်သည်။

"နေ..နေပါအုံး ငါတို့ အခု ဘယ်သွားနေတာလဲ"

ခွန်း က ခေး ဆွဲခေါ်ရာနောက်ပါမသွားအောင်ခြေကန်ထားရင်း မေးသည်။ခေးက ပုံစံကသာ ဖြူသွယ်သွယ်ပျော့ပျော့ပျောင်းပျောင်းလေးဆိုပေမဲ့ အရပ်က ခွန်း နှင့်မတိမ်းမယိမ်းဖြစ်ကာ အားအင်ကလည်း မခေပေ။

"ကန်တင်း သွားမလို့လေ၊မင်း မနက်စာ မစားရသေးဘူးမလား"

"ငါ  ထမင်း......."

"တီ!!!"

ခွန်း  ခေး စကားအားပြန်ဖြေမည် ပြင်လိုက်စဥ် ကျယ်လောင်စူးရှသည့် ဆိုင်ကယ်ဟွန်းတီးသံကြောင့် လန့်သွားရသည်။အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဆိုင်ကယ်က ခွန်း တို့ဘေးမှ ဝူးခနဲ မောင်းသွားသည်။အနီရောင် ဆိုင်ကယ်ကြီးနှင့် ဆိုင်ကယ်ပေါ် ကျောပြင်ကျယ်ကျယ်ပုံရိပ်က ရိပ်ခနဲ မြင်လိုက်ရသည်တောင် ငေးကြည့်ချင်စဖွယ်ဖြစ်သည်။
ခွန်း ထိုကျောပြင်အား ရင်းနှီးနေသလို ခံစားရသည်မို့ မြင်ကွင်းမှ ပျောက်သည်အထိ လိုက်ကြည့်မိလိုက်သေးသည်။

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ