အခန်း "7"

681 56 17
                                    

အခန်း    "7"

ခွန်း  ရေချိူးပြီး ပြန်လာတော့ ခေး က သူ့အိပ်ယာပေါ်တွင်  ပါးစပ်လေးဟကာ ပက်လက်ကြီး အိပ်ပျော်နေသည်။မျက်နှာပေါ်တွင် မျက်နှာပေါင်းတင်သည့် maskဆိုလား၊သူ ကပ်နေကျ ဖြူဖြူဖတ်ကြီးကို ကပ်ထားကာ လက်ထဲတွင်လည်း ယပ်တောင်ကြီး ကိုင်ထားသေးသည်။ခွန်း တို့ အခန်း ပန်ကာ ပျက်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။အဆောင်မှူးကို ပြောထားပေမဲ့ အခုထိ လာပြင်ပေးခြင်း မရှိသေးပေ။ခွန်း   ဝရံတာဘက် ထွက်လာ ကာ လျှော်လာသည့် အင်္ကျီကို ချိတ်ဖြင့်ချိတ်ပြီး ပြတင်းပေါက် လက်ကိုင်တွင်ချိတ်လှမ်းထားလိုက်သည်။

အတွင်းခံ လေးကို  ရေစစ်အောင် သေချာခါပြီးကြိုးတန်းတွင်ပြီးလှမ်းလိုက်သည်။အတန်းချိန်က သုံးနာရီကတည်း ပြီးသွားပြီ ဖြစ်ပြီး ခွန်း အဆောင်ပြန်လာကာ ခဏအိပ်ပြီး ရေထချိူးသည်။ခေး ကတော့အခုချိန်ထိ အိပ်ကောင်းနေဆဲ ပင်။ငါးနာရီထိုးလျှင် သူ့ကိုနှိုးပေးပါရန် ဆိုထားသဖြင့် ခွန်း နာရီယူကြည့်လိုက်သည်။ လေးနာရီခွဲပဲ ရှိသေးသည်မို့ ခွန်း  ခေး အား မနှိုးဖြစ်သေးပေ။ခွန်း အဘွားထည့်လိုက်သည့် ရွှေအုန်းပင် အုန်းဆီ ပုလင်းလေးအား လှမ်းယူပြီး လက်ဖဝါးထဲ လောင်းထဲ့ကာ  ဆံပင်တွေကြား ပွတ်လိမ်း လိုက်သည်။

ခွန်း စားပွဲပေါ်တွင် မှန်လေးတစ်ချပ် ၊ရှင်မတောင်သနပ်ခါးတုံးတစ်တုံး ၊သနပ်ခါး ကျောက်ပျဥ်တစ်ချပ်နှင့်အုန်းဆီတစ်ပုလင်းသာ ရှိပေမဲ့  ခေးရဲ့ စားပွဲပေါ်တွင်တော့ အလှပစ္စည်းတွေ အပြည့်ဖြစ်သည်။ဘူးတိုတွေရော၊ဘူးရှည်တွေရော စုံနေသည်။သူကတော့ ခေးပစ္စည်းတွေအား တစ်ခုမှ မသိပေ။ခွန်း က မျက်နှာသစ်ဆေးတောင် ပုံမှန်သုံးဖြစ်တာမဟုတ်ပေ။အိမ်မှာဝင်ငွေဟူ၍ အဖေ့လစာသာ ရှိသဖြင့် ခွန်း အပိုပစ္စည်းတွေ ဝယ်မသုံးချင်ပေ။ခုက သူကျောင်းတက်နေရတော့ ပိုချွေတာရမည် ဖြစ်သည်။

"ဟင်!ခွန်း ဘယ်အချိန်ရှိပြီလဲ"

ရုတ်တရက်အိပ်ပျော်နေသည့် ခေး က ဆတ်ခနဲ လန့်နိုးလားကာ ထထိုင်ရင်းဗလုံးဗထွေးဆိုသည်။

"ငါးနာရီ မထိုးသေးဘူးလေ"

"အော်...တော်ပါသေးတယ်ဟယ်"

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ