အခန်း (၃)
"ဒေါက် ဒေါက်"
တံခါးနှစ်ချက် ဆင့်ခေါက်လိုက်ပေမယ့် အထဲက အသံမကြားတာကြောင့် ယု အသာတွန်းဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် ရိမ်းက မနိုးသေးပေ။
စောင်ပုံထဲ မြုပ်နေသော ကောင်လေးအနားသွားလိုက်ပြီး
"ရိမ်း ရိမ်း"
လက်မောင်းကိုအသာ ပုတ် နှိုးနေပေမယ့် ကိုယ်တော်လေးက တုတ်တုတ်မျှမလှုပ်ပါလေ။ ညက စာကြည့်တာနောက်ကျသည်ထင်ပါရဲ့။ အခန်းလိုက်ကာတွေအရင်ဖွင့်ဖို့ ထ ရပ်လိုက်တော့
"အမလေးတော့"
လက်ကနေ ဆွဲချခံလိုက်ရတာကြောင့် ရိမ်းပေါ် သူမထပ်လျှက်ပြုတ်ကျပါသည်။
"မနိုးနိုးအောင်နှိုးရမယ်လေ မ ရဲ့ ဥပမာ ဒီလိုပေါ့"
"ရွှတ်" လူလည်လေးက သူမပါးကိုနမ်းသွားပြန်ပါသည်။
"ရိမ်းနော် "
"မကျေနပ်ဘူးလား ပြန်နမ်းလေ အင့်"
ပါးကြီး မျက်နှာရှေ့ ထိုးပေးလာတာကြောင့် လက်နဲ့အသာတွန်းပြီး
"No ပါ မျက်နှာလဲ မသစ်ရသေးပဲနဲ့"
"ဘာလဲ မ က ရွံလို့လား"
"ရွံတော့မရွံပါဘူး ဒါပေမယ့်"
"ရွှတ် ရွှတ် ရွှတ် ရွှတ်"
စကားမဆုံးပါ ပါးနှစ်ဖက်နဲ့ နဖူးပါမကျန်ထပ်နမ်းလာသောကောင်လေး။
"လူဆိုးကောင်လေး ထတော့ မနက်ပိုင်းအတန်းချိန်ရှိတယ်မှတ်လား"
"ဟုတ်သားပဲ"
ထိုအခါမှ ရိမ်းဟာ သူမကိုဖက်ထားရာမှလွတ်ပေးပြီး သူမထ ထိုင်တော့ ရေချိုးခန်းထဲဝင်သွားလေသည်။ ညအိပ်ဝတ်စုံအကွက်လေးနဲ့ ပြေးဝင်သွားပုံက တကယ့် ကလေးလိုပင်။တီနှောင်းရော အန်ကယ်အောင်ခန့်ပါ အသားညိုသူမို့ ရိမ်းသည်လဲ ဖြူတဲ့အထဲတော့မပါ။ ခုခေတ်လူငယ်တွေလို ဆံပင်ပုံစံဆန်းဆန်းမဟုတ်ပဲ အတိုဘေးခွဲရိုးရိုးပင်အမြဲညှပ်သည်။ မိဘတွေက ဝါသနာပါရာကို လုပ်ခွင့်ပေးထားသော်လဲ ငယ်ငယ်ကထဲက ဆေးရုံလိုက်နေသဖြင့် ဆေးလိုင်းကိုပဲ ရိမ်းကယူခဲ့သည်။ သူတို့ဆီလာပြီးပြန်သွားတဲ့သုံးနှစ်အရွယ်ကောင်လေးဟာထို့နေ့ကစပြီးသူမနဲ့အဆက်အသွယ်လုံးဝမပြတ်ခဲ့ပါ။ ရိမ်းဟာ မျက်နှာသွယ်ပြီး လူကောင်သေးပါသည်။ ကိုကို တို့ ကိုကိုခေတ်တို့နဲ့ ယှည်ရင် လားလားမျှမဆိုင်။ သူမကတော့အသက်နှစ်ဆယ်ပြည့်ပြီးထဲက အရပ်မထွက်လာတော့တာကြောင့် ရိမ်းနဲ့ယှဥ်ရင်ရွယ်တူလို့တောင် ထင်ရပါသည်။ ရိမ်းသည် သုံးနှစ်အရွယ်က သူမပြောခဲ့သောစကားကို ကတိတည်ခဲ့ပါသည်။ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာပဲ သူမလက်ကိုဆွဲကာ ပါးပါးတို့ဆီ ဗီဒီယိုကောခေါ်ပြီး တီနှောင်းတို့ရှေ့မှာတင် သူမကို လက်ထပ်မှာဟု အတိအလင်းကြေညာပါသည်။ ထိုအခါက လူကြီးတွေမှာ ပါးစပ်အဟောင်းသားနှင့် သူမကတော့ ဝမ်းသာမျက်ရည်ကျခဲ့ရသည်။ နိုင်ငံခြားမှာသူမအနားကပ်သူများရှိသော်လဲ ရိမ်းအတွက်သာအချိန်တွေပြည့်နေတာမို့ ဘယ်သူ့ကိုမှသူမလက်မခံခဲ့။ ဒီပြန်ရောက်တော့လဲ ငယ်ရွယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်သူမအနား ဝဲနေသော ပျားများကို တောက်တဲ့လေးအမောင်ရိမ်းဟာ အနားအကပ်မခံခဲ့ပါ။ ဆယ်ရှစ်နှစ်ပြည့်ပြီးနောက်မှ သူမကိုစိတ်မချပါဘူးဆိုသောအကြောင်းပြချက်နဲ့ အထုတ်ဆွဲကာ သူမတို့အိမ်ကိုပြောင်းနေခဲ့ပါသည်။ တီနှောင်းက စိတ်မကောင်းဖြစ်သော်လဲ နဲနဲမှအလျော့မပေးသော ရိမ်းကြောင့် တစ်ပတ်လျှင်တစ်ခါတော့အိမ်ပြန်အိပ်ရမည်ဟူသောအပေးအယူနဲ့ခွင့်ပြုပေးခဲ့သည်။ မိန်းမသားတွေအိမ်မှာ တစိမ်းယောက်ျားတစ်ယောက်လိုက်နေတာမသင့်တော်ဘူးထင်ကျပေမယ့်သူမတို့ကတော့ထိုအရာမျိုးတွေကို လက်ကိုင်မထားကျကာ။ ဖွားတို့ကတောင် ယောက်ျားလေးအဖော်ရလို့ဝမ်းသာခဲ့ကျသည်။လူကြီးတွေက အရင်စေ့စပ်ထားကျမလားလို့ပြောသော်လဲ သူမက လက်မခံခဲ့ပါ။ ရိမ်းကိုမချုပ်နှောင်ထားချင်။တစ်ချိန်မှာ သူမ မဟုတ်တဲ့ တခြားလူရှိလာခဲ့ရင် အချုပ်အနှောင်ကင်းကင်းရိမ်းကိုလွတ်လပ်စွာ ရွေးချယ်စေချင်လို့ဖြစ်သည်။ ဒါဟာရိမ်းကိုမချစ်ဘူးလာဆိုတော့မဟုတ်ပါ သူမရိမ်းကိုချစ်သည်။ အချစ်ဆိုတာဘယ်လိုမျိုးလဲအတိအကျမသိသော်လဲ ပါးပါးတို့ကိုကိုတို့ကို ချစ်တာမျိုးနဲ့မတူသောအချစ်မျိုးဖြစ်သည်။ရိမ်းသည် ဒီနေ့ဒီအချိန်ထိ သူမကို ပါးနမ်းနဖူးနမ်းထားထက်အဆင့်မကျော်ခဲ့ပါ။ မ ကို ကျွန်တော်က မြတ်နိုးရတာမို့ ကျွန်တော်မြတ်နိုးမှု့တွေရဲ့သက်သေကို လက်ခံပေးပါ မ ဟုဆိုပြီး ပထမဆုံးအနမ်းကိုစနမ်းချိန်မှာတော့ ရမ္မက်တွေမပါဝင်သောအနမ်းနွေးနွေးကြောင့် သူမ ရင်ခုန်ပျော်ရွှင်ခဲ့ရသည်။သူမအလုပ်တွေများနေလျှင်လဲ အနှောက်အယှက်မပေးပဲ ဘေးနားမှာတိတ်တဆိတ် စာလုပ်နေတက်သည်။ ဆေးကျောင်းသားက စာတွေအရမ်းများပြီး ပင်ပန်းရတာကြောင့် အိမ်မှာနားပြီး စာလုပ်ဖို့ပြောပေမယ့် တောက်တဲ့လိုကောင်လေးက ဆေးစာအုပ်တွေပိုက်ပြီးသူမနောက်တကောက်ကောက်လိုက်တက်သည်။ သူမနဲ့နှစ်ယောက်ထဲဆို ကပ်ချွဲတက်သောရိမ်းသည်လူအများရှေ့ဆို တည်ကြည်မှုန်ကုတ်နေတက်တာကြောင့် တော်ရုံဘယ်သူမှ သူမအနားကပ်မလာရဲပါ။
ယောက်ျားလေးဖြစ်သောရိမ်းဟာ အနေအထိုင်လဲစည်းကမ်းရှိပြီးသပ်ရပ်ပါသည်။ အခန်းလေးဟာရှင်းလင်းနေတက်ပြီး ဘယ်သောအခါမှအဝတ်ဗလာနဲ့ရှိမနေတက်ပါ။ခုလဲရေချိုးပြီး ပြန်ထွက်လာသောရိမ်းက ညအိပ်ဝတ်စုံမဟုတ်တော့ဘဲ ရေလဲဝတ်စုံ ပြောင်းသွားလေသည်။
![](https://img.wattpad.com/cover/353053491-288-k630788.jpg)
YOU ARE READING
ONLY YOU,BE MINE LOVE
Romanceပေါ့ပေါ့ပါးပါးficလေးပါပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့ကောင်လေးတွေအကြောင်းပါပဲ အချစ်အကြောင်းမို့ ချစ်ချင်မေတ္တာနဲ့ ပတ်သတ်တာလေးတွေပဲပါမှာပါ