အခန်း(6)
ပုံဆွဲစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာပြီးဆုံးသွားချိန်မှာတော့ အချိန်ဟာမနက်လေးနာရီပင်ရှိနေလေပြီ။ အိပ်ပျော်နေသူကတော့ အိပ်လို့ကောင်းနေတုန်းပင်။နှုတ်ခမ်းတောင့်စွန်း၌ မကြာခင်ထွက်ကျလာတော့မှ သွားရည်တို့က ခေါင်းပြူနေလေသည်။ လက်နှစ်ဖက်ကိုကားထားပြီး စိတ်လွတ်ကိုယ်လွတ်အိပ်နေပုံမှာတကယ့်ကိုအပြစ်ကင်းလွန်းသည်။အိပ်နေရင်းမှတစ်ခါတလေနှုတ်ခမ်းကိုသပ်လိုက်သေးသည်။ စားစရာတစ်ခုခုကိုမြင်မက်နေလားမသိပြုံးလိုက်ပြန်သည်။ ခေတ်ကိုကြည့်နေရင်းမှ အတွေးတစ်ချို့တို့က ဝင်ရောက်လာသည်။ ခေတ်ရဲ့ အိပ်မက်တွေထဲမှာ သူရောပါဝင်ခွင့်ရှိရဲ့လားသိချင်လာသည်။ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ပါဝင်လာမလဲသိချင်မိသည်။အိပ်နေသူက ပတ်လက်အနေအထားသို့ပြောင်းကာ ခြုံထားသောစောင်ကိုကန်ချပြီး အင်္ကျီကိုဆွဲတင်ကာ ဗိုက်တို့ကို အပေါ်အောက်ပွတ်လေသည်။ သူပထမတော့ကြည့်နေရင်းအံ့သြကာ တစ်နေရာရောက်တော့ထူပူလာသလိုခံစားရကာရယ်ချင်လာသည်။ လက်ကဗိုက်ကိုပွတ်နေရာမှ ပွင့်ချပ်လွှာတွေကိုပွတ်မိတော့ ပန်းဆီရောင်ခေါင်းလေးတွေက အနည်းငယ်ကြွလာသလို ခါးအောင်ပိုင်းတစ်နေရာကနေလဲ ဖောင်းကြွလာတာသူမြင်လိုက်ပါသည်။အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့သူလဲ ကြုံဘူးနေကျဖြစ်သော်လဲ ခေတ်ရဲ့ဖြစ်နေပုံလေးကိုကြည့်ပြီး စိတ်တို့ကမရိုးမယွဖြစ်လာလေသည်။ အောက်နှုတ်ခမ်းတို့ကိုကိုက်ထားကာ
"ခေတ် ခင်ဗျားက ကျွန်တော့်သမာဓိအားကို စမ်းသပ်နေတာလား"
တိုးဖွဖွလေးရေးရွတ်ရင်းခေတ်တစ်ကိုယ်လုံးကိုသိမ်းကြုံးကြည့်နေမိပါသည်။နှလုံးခုန်သံပါမက နားထင်ကြောတွေပါတစ်ဒုတ်ဒုတ်မြည်လာချိန်မှာတော့ သူထိုနေရာကနေ ထထွက်လာရတော့ပါသည်။
ထိန်းချုပ်ထားရတာပင်ပန်းလွန်းသည်လေ။ တစ်ညလုံးမအိပ်ထားတာရော ပုံကိုအာရုံစိုက်ဆွဲလိုက်တာကြောင့်ပါခေါင်းကတစ်ဆစ်ဆစ်နဲ့ ကိုက်နေလေသည်။ ဝရံတာလက်တန်းကိုလက်ထောက်ထားရင်း မျက်ဝန်းတို့မှိတ်ထားကာ လေးတိုးသံတို့ကိုနားစွင့်နေလိုက်သည်။ ငှက်သံတစ်ချို့လေးတိုးသံတစ်ချို့နဲ့အတူ ပန်းရနံ့တို့ကို အားရစွာရှူရှိုက်နေလိုက်သည်။စိတ်ထဲ ဗလာအရှင်းဖြစ်တဲ့အထိအာရုံစိုက်နေတုန်း
YOU ARE READING
ONLY YOU,BE MINE LOVE
Romanceပေါ့ပေါ့ပါးပါးficလေးပါပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့ကောင်လေးတွေအကြောင်းပါပဲ အချစ်အကြောင်းမို့ ချစ်ချင်မေတ္တာနဲ့ ပတ်သတ်တာလေးတွေပဲပါမှာပါ