part 4 U.Z

118 4 0
                                        

အခန်း ၄

ရင်ခွင်ထဲက လူသားလေးလှုပ်သွားတဲ့အခါ မင်းမြတ် မျက်ဝန်းတို့ပွင့်လာခဲ့ပါသည်။

"နေသာရဲ့လား ကိုးလ်"

"အင်း နေလို့အဆင်ပြေပါပြီတည်"

ကိုးလ်နဖူးထက်ဝဲကျနေသောဆံပင်တို့ကိုအားနေသောလက်တစ်ဖက်ဖြင့် သပ်တင်ပေးတော့ လက်မှာကပ်ထားသောပလာစတာကြောင့် ကိုးလ်က လက်ကိုယူကြည့်ရင်း မျက်ဝန်း၌ ငွေ့ရည်တို့ဖွဲ့လာလေသည်။

"တည်ရာ"

တုန်ရီနေသောသူ့အသံကြောင့်

"မငိုပါနဲ့ကိုးလ်ရာ ကိုယ်ဘာမှဖြစ်တာမှမဟုတ်တာ"

"ဒီလောက်ဒဏ်ရာဒဏ်ချက်တွေနဲ့ က ဘာမှမဖြစ်စရာတဲ့လား"

"မင်းနာကျင်တာထက်စာရင် မပြောပလောက်ဘူးလေကိုးလ်ရယ်"

နဖူးကိုလာနမ်းပြီးပြောလာသောတည်ကြောင့် မျက်ရည်တို့ကပိုတိုးလို့ကျလာပါသည်။ မြန်မာပြည်ကနေမလာခင် သူနှလုံးရပ်သွားချိန်က နေရာတစ်ခုကိုသူရောက်သွားခဲ့သည်။ ရောင်စုံပန်းပွင့်တွေအပြည့်နဲ့ ကွင်းပြင်ကျယ်ကြီးမှာ လိပ်ပြာရောင်စုံတွေကလဲပျံဝဲနေသည်။ ကွင်းပြင်ကြီးရဲ့ အလည်မှာတော့ကြည်လင်စွာစီးဆင်းနေတဲ့ စမ်းချောင်းလေးထဲ၌ ရောင်စုံငါးတို့က ကူးခပ်နေပါသည်။ ထိုစမ်းချောင်းလေးကို ဖြတ်ဆောက်ထားတဲ့ တံတားလေးပေါ်ကနေ ငါးတွေကိုငုံ့ကြည့်နေရင်း သူ့ရောက်နေသောနေရာဟာ ဘယ်နေရာဆိုတာမှန်းလဲသတိမထားမိတော့။ ရေထဲကိုကြည့်နေတုန်း ဘေးနားမှာ လူတစ်ယောက်လာရပ်တာကြောင့် မော့ကြည့်မိတော့ သူ့အိပ်မက်ထဲခနခနတွေ့ရသော ထိုလူ

"ခင်ဗျား"

"မင်းမှတ်မိသေးသာပဲ အချိန်တွေကြာသွားတော့ငါ့ကိုမေ့ပြီထင်နေတာ"

"မေ့စရာလား"

"ဒါဆိုငါက ကျေးဇူးတင်ရမှာပေါ့"

"ဒါနဲ့ ကျွန်တော်ဘယ်ကိုရောက်နေတာလဲ"

"မင်းဒီမှာနေမယ်ဆိုငါပြောပြမယ်"

"ကျွန်တော်က ဘာလို့ဒီမှာနေရမှာလဲ"

"ဒါကမင်းရွေးချယ်ရမှာကောင်လေး"

ONLY YOU,BE MINE LOVEDonde viven las historias. Descúbrelo ahora