အခန်း( ၅)
အခုဆိုညီ မြန်မာပြည်ရောက်တာ နှစ်လပင်ကျော်ခဲ့ပြီ။မြတ်ကိုဦးစီးနေသောညီက အရင်လောက်တော့အရမ်းအားမနေပါ။ ဒါတောင်ညီက ရုံးမှာအချိန်ပြည့်သိပ်မနေ။ သို့သော် တည်တင်းသောမျက်နှာနဲ့ စကားကို ပြတ်ပြတ်သားသားပြောတက်သောညီကြောင့် ဘယ်သူကမှညီကို မကျော်ရဲကျ ။လုပ်ငန်းခွင်တွေထဲပတ်ကြည့်လျှင်လဲ စိတ်တိုင်းကျတာမတွေ့လျှင် တိကျသည်အထိပြင်ခိုင်းတက်သဖြင့် ယုယကပင်သူ့အကိုကိုလူတွေမုန်းမှာစိုး၍တားသော်လဲ ဘယ်သူ့ကိုမှမျက်နှာသာမပေးတက်။ ဒီလိုအချိန်တွေမအားတဲ့ညီက သူရိုက်ကွင်းစောတဲ့ရက်ဆိုလာကြိုတက်သည်။ သူ့အတွက်အစားအသောက်တွေပြင်ပေးတက်သည်။ ရုံးပိတ်ရက်ဆို သူ့ပန်းချီခန်းလေး
မှာနားကြပ်တက်ပြီးပုံဆွဲနေတက်သည်။ထိုအခါမျိုးဆိုခေတ်တစ်ယောက် ညီ့အလုပ်ခန်းပြတင်းနားကနေညီ့ကို အပြည့်အဝငေးကြည့်ခွင့်ရလေသည်။ညီက ပန်းချီဆွဲနေလျှင်ပတ်ဝန်းကျင်ကိုမေ့လျော့နေခဲ့သည်။တဖြေးဖြေးသူတောင်ပန်းချီကိုစိတ်ဝင်စားလာမိပါသည်။ အဖြူရောင်အတိုင်းရှိနေသောအရာကိုဆေးစက်တွေချရင်း အရုပ်ထင်သွားတာကိုသဘောကျလာမိသည်။ ညီအားတဲ့တစ်နေ့တော့ပန်းချီဆွဲသင်ခိုင်အုံးမည်။ခုလဲ သူညီ့ကိုပြတင်းတံခါးမှငေးနေမိသည်။ သူငေးနေတုန်းညီထလာသဖြင့် သူ့ကိုတွေ့သွားလေသည်။ ညီကနားကြပ်ကိုဖြုတ်ရင်းသူ့အနားကိုလျှောက်လာတော့"ကိုယ်ကြောင့်အလုပ်ပျက်သွားတာလားညီ"
"ဟင့်အင်း ဆက်ဆွဲလို့မရတော့လို့"
"သြော်"
"ပြောစရာရှိလို့လား"
"အင်း"
အမှန်တော့သူဘယ်လိုပြောရမလဲမသိ ဇာတ်လမ်းတစ်ခုကမ်းလှမ်းထားတာ နယ်ဘက်သွားရိုက်ရမှာဖြစ်သည်။ရုပ်ရှင်ကားကြီးမဟုတ်သဖြင့် နှစ်ပတ်လောက်တော့ကြာမည် ။သူညီ့ကိုမခွဲချင် ။အလုပ်နဲ့ညီကလိုက်နိုင်မှာလဲမဟုတ်။အလုပ်အားရင်တောင် ညီကို သူ့မှာလိုက်ခဲ့ပါလို့ခေါ်ခွင့်မရှိ။
"ဘာကိစ္စမို့လို့လဲ"
သူငိုင်နေတော့ညီက ထပ်မေးသည်။

YOU ARE READING
ONLY YOU,BE MINE LOVE
Romanceပေါ့ပေါ့ပါးပါးficလေးပါပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့ကောင်လေးတွေအကြောင်းပါပဲ အချစ်အကြောင်းမို့ ချစ်ချင်မေတ္တာနဲ့ ပတ်သတ်တာလေးတွေပဲပါမှာပါ