အပိုင်း ၁

1K 94 4
                                    


"မင်း ရက်စက်လှချည်လား" 

ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ ပန်းအိုးတစ်လုံးက သူ့ မျက်နှာဘေးမှ ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့နောက်ကျောမှ ပြိုလဲသံနှင့် အက်ကွဲသံများ ထပ်ဆင့် ထွက်ပေါ််လာသည်။

ဘာတွေများ ကွဲသွားပြီလဲ။ ဘာတွေများ လဲကျကုန်ပြီလဲ...

ကိုကို သဘောကျတယ်ဆိုလို့ ‌မရရအောင် လေလံဆွဲပေးခဲ့တဲ့ ကြွေပန်းအိုး‌များလား...

ဒါမှမဟုတ် ကိုကို ပြပွဲမှာ ပြဖို့ လုပ်ထားတဲ့ ပန်းချီကားတွေလား...

ပြပွဲကတော့ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။  အခန်းထဲက ရှိသမျှ ပန်းချီကား အားလုံးကို ကိုကို လွှင့်ထုတ် ဖျက်ဆီးနေတာပင်။ ပန်းချီ တစ်ချပ်မှ အကောင်းမကျန်တော့ပေ။

"မင်း လူရော ဟုတ်သေးရဲ့လား" နာကြည်းစွာ‌ ‌ငိုကြွေးသံ အဆုံးတွင် စုတ်တံများ ထည့်ထားသောခွက် က သူ့ဆီပြေးဝင်လာသည်။ သူ့ပါးပြင် ပူခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ 

ဒီတစ်ခါတော့ ထိသွားပြီပဲ....

သူ့ပါးပြင် စိုစွတ်လာသည်ကိုလဲ ခံစားရသည်။ မျက်ရည်တွေလား.. ဒါမှမဟုတ် သွေးတွေလား...

အမှန်ကတော့ အရေးမကြီးပါ။ ဘာကမှ အရေးမကြီးပါ။ 

လတ်တလော အရေးအကြီးဆုံးက ဘယ်အရာက ကိုကို့ကို ဒဏ်ရာရထားတဲ့ ကျားတစ်ကောင်လို ဒေါသထွက်စေရတာလဲဆိုတာပင်။

မထုံတက်တေးရပ်နေသော သူ့ပုံစံကြောင့် ကိုကို ဒေါသပိုထွက်လာသည် ထင်သည်။ 

ကိုကိုသည် သူ့ထံပြေးဝင်လာပြီး သူ့လည်မျိုကို လက်ဖြင့် ဖိထား‌သည်။ အေးစက်သော နံရံနှင့် ကျောပြင်သည် ပြားနေအောင် ကပ်နေလေသည်။ 

သူ အသက်ရှူကြပ်လာပြီး နားထင်မှ သွေးများ ဆောင့်တိုးလာလေသည်။ ကိုကို့ လက်ကို ဖမ်းကိုင်ထားပြီး သူ့လည်မျိူမှ ဖယ်ပစ်ချင်သည်။ သို့သော် ကိုကို့ အားကို သူမယှဉ်နိုင်ပေ။

ကိုကို သည် သူ့ကို အနည်းငယ်မှ ပင် သနားသည့် ဟန်မရှိပေ။ 

နီးကပ်စွာရှိနေသော ကိုကို့ မျက်ဝန်းများတွင် နာကျင်မှုနှင့် နောင်တ တစွန်းတစကို သူရှာတွေ့သည်။ သို့သော် ထိုနာကျင်မှုနှင့် နောင်တ သည် သူ့အတွက် မဟုတ်ပါကြောင်းလဲ သူသိပါသည်။

မှိုင်းညို့ရီဝေTahanan ng mga kuwento. Tumuklas ngayon