အပိုင်း ၂

414 72 1
                                    

လွန်ခဲ့သော နှစ်အချို့က

-------------------------------

ဖုန်းမြည်သံကြောင့် ရနောင်းဝေသည် လက်ပ်တော့ကို ပိတ်ပစ်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။ 

"‌ရနောင်း မင်း လာမယ် မဟုတ်လား။ လူတောင် အတော်စုံနေပြီ၊ ကိုသက်ထင်ကလဲ မင်းကိုပဲ မေးနေတယ်"

"လာမှာ.. ဖေဖေက ခုထိ မအိပ်သေးလို့" ရနောင်းက ပြောရင်း အခန်းအပြင်ဘက်ကို ပြေးထွက်သွားလိုက်လေသည်။  ပြောင်လက်သော လှေကားထစ်များကို ခြေဖွဖွနင်းပြီးဆင်းလာရင်း အောက်ထပ်ရှိ သူ့အဖေ စာကြည့်ခန်းကို ချောင်းကြည့်လိုက်သည်။ စာကြည့်ခန်းတံခါးအောက်မှ မီးရောင်လျံကျနေခြင်းမရှိ သည်ကို တွေ့တော့မှ ဖုန်းထဲမှ ဝေယံ့ ကို ခပ်တိုးတိုး ပြောလိုက်သည်။

"ဖေဖေ အိပ်သွားပြီ။ ခုပဲ ထွက်လာခဲ့မယ်။" 

"ဖေဖေ အိပ်သွားပြီ လို့ ဘယ်သူပြောလဲ"

သူ့အနောက်မှ ထွက်လာသော အသံကြောင့် ရနောင်းသည် လန့်ဖျပ်သွားပြီး ‌နောက်ကို လှည့်ကြည့်လိုက်သည်။ သူ့မေ‌မေသည် ဝိုင်တစ်ခွက် ကိုင်ရင်း  မီးဖိုခန်းဘက်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"မေမေ လုပ်တာ နှလုံးရောဂါ ရတော့မှာပဲ"  ရနောင်းက ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထိုးထည့်ရင်း ရေရွတ်လိုက်သည်။ "ဒါနဲ့ ဖေဖေက တကယ် မအိပ်သေးတာလား"

"မအိပ်သေးပေမယ့် အတော်လေးတော့ ပင်ပန်းနေပါပြီ" မေမေက ပြောရင်း မျက်လုံးတစ်ဖက် မှိတ်ပြလေသည်။  "မေမေ့သားလေး ပါတီ သွားလို့ရအောင် အမေက အများကြီး ကြိုးစားပေးထားတယ်"

အဓိပ္ပါယ်ပေါက်သွားသော ရနောင်း၏ ပါးဖောင်းဖောင်း လေးက နီရဲသွားပြီး "မေမေတို့ Alpha တွေက တကယ့်ကိုပဲ" ဟု စူပုပ်ပုပ်ပြောလေသည်။ 

မေမေက ခပ်ဖွဖွရယ်ရင်း ရနောင်း၏ ဆံပင်များကို ချစ်စနိုး ဖွပစ်လိုက်သည်။ "သား ဖေဖေ့ကို လျှို့ဝှက်နော်။ သားကို  ပါတီ ပေးသွားတာ ဖေဖေသိသွားရင်  မေမေ့ကို ဧည့်ခန်း ဆိုဖာ ပေါ်မှာ တစ်ပါတ်လောက် ပစ်ထားမှာ"

ရနောင်းက ရယ်လေသည်။ " Dominant Alpha ဒေါ်မြတ်သစ်ဝေ   ကြောက်ရတဲ့ သူလဲ လောကမှာ ရှိသေးတာပဲနော့်"

မှိုင်းညို့ရီဝေTempat cerita menjadi hidup. Temukan sekarang