အပိုင်း ၄

228 40 1
                                    

"ခုထိ ပါမစ်မကျသေးတာ မင်းတို့ အသုံးမကျလို့ပေါ့ကွ" ဒေါ်မြတ်သစ်မွန်သည် ထမင်းစားပွဲဆီ လှမ်းလာရင်း ဖုန်းလိုင်းတစ်ဖက်မှ လူကို ဆူပူနေလေသည်။ "တော်ပြီ။ အဲဒီ ဆောက်လုပ်ရေးနဲ့ စာချုပ်ဖျက်လိုက်တော့။ ငါ ဆောက်လုပ်ရေး လုပ်ငန်း အသစ်တစ်ခုရှာခိုင်းလိုက်မယ်"

"ဆိုင်းငံ့ထားတာ နှစ်လပဲ ရှိသေးတယ် ဟုတ်လား။ အဲဒီနှစ်လ အတွင်း ပေးထားရတဲ့ လစာတွေနဲ့ အသုံးစားရိတ်တွေကို မင်းရှင်းပေးမလား"

ဒေါ်မြတ်သစ်ဝေ သည် စိတ်ဆိုးမာန်ဆိုးဖြင့် ထမင်းစားပွဲကို လက်နှင့် တစ်ချက်ရိုက်လိုက်လေသည်။

"အဟမ်း"

တဆက်တည်းမှာပဲ  စားပွဲမျက်နှာချင်းဆိုင် မှ ထွက်လာသော သတိပေးသည့် ချောင်းဟန့်သံကြောင့် ဒေါ်မြတ်သစ်ဝေ သည် ဟိန်းထွက်နေသော သူမ၏ အသံကိုရော ဒေါသကိုပါ ခပ်မြန်မြန်ပဲ လျော့ချလိုက်ရသည်။

"ငါပြီးမှ ပြန်ဆက်လိုက်မယ်" သူမက ချက်ခြင်းဖုန်းကို ချလိုက်ပြီး မျက်နှာချင်းဆိုင်မှ ခင်ပွန်းဖြစ်သူကို မျက်နှာချိုသွေးလိုက်သည်။ "သူဌေးကျွန်းနားက အပန်းဖြေ စခန်း အသစ်က နည်းနည်း ပြသနာဖြစ်နေလို့ပါ"

"အဲဒါဆိုလဲ ထမင်းမစားခင် ကြိုဖြတ်ထားလေ။ ထမင်းစားပွဲမှာ ဘာလို့ ဆူနေရတာလဲ" ရနောင်းဝေ၏ ဖေဖေက မကျေမနပ်အသံဖြင့် ပြောလိုက်ရင်း မျက်လုံးရှေ့တွင် ရှုပ်နေသော ငွေရောင် ဆံနွယ်ခွေကို နားနောက်သပ်တင်လိုက်တယ်။ 

ဘာရယ်မဟုတ်သော အပြုအမူသေးသေးလေးပင်ဖြစ်သော်လည်း ရနောင်းဝေ၏ မေမေ ဒေါ်မြတ်သစ်ဝေ ကမူ စားလက်စ ဇွန်းကိုချပြီး ငေးခနဲဖြစ်သွားရလေသည်။ 

တကယ်လည်း ရနောင်းဝေ၏ ဖေဖေသည် အလွန်ပင် လှပသော အိုမီဂါပင်။  သေးငယ် လုံးဝန်းသော မျက်နှာနှင့် ငွေရောင်ဆံပင် ခွေများသည် ပနံတင့်လှပြီး မျက်ဆံကြီးကြီးနဲ့ ပင်လယ်သမုဒ္ဒရာလို နက်ရှိုင်းသော မျက်ဝန်းလှလှများလဲရှိသည်။ ယခု အသက်အရွယ်ထိ ထိန်းထားနိုင်သော ကြည်လင်သည့် အသားအရည်ကို ကြည့်ရင်း ငယ်ငယ်က ဖေဖေသည် ဘယ်လောက်တောင် လှပ ခဲ့မလဲဆိုတာကို တွေး၍ပင် မရနိုင်ချေ။

မှိုင်းညို့ရီဝေTempat cerita menjadi hidup. Temukan sekarang