အပိုင်း ၃

384 52 5
                                    

"လန့်စရာကြီးနော်၊ ကံကောင်းလို့ ဘာမှ မဖြစ်တာ" စာကြည့်တိုက်တွင် သူတို့ ထိုင်နေခိုက် ဝေယံက မနေ့က ဖြစ်ခဲ့သော ရနောင်းရဲ့ စွန့်စားခန်း အကြောင်း ကို စားမြုံ့ပြန်နေလေသည်။ 

ရနောင်းက စာအုပ်စင်‌ပေါ်မှ ‌"မျိူးကွဲများကို ‌အခြေခံ၍ လူဦးရေကို စီမံခန့်ခွဲခြင်း" ဟူသော စာအုပ်ကို ဆွဲယူလိုက်သည်။   "အဲဒီလူ ကူညီပေလို့သာ။" ရနောင်းက ပြောရင်း မှတ်ဉာဏ်ထဲမှ နွေးထွေးသော မီးလင်းဖို ရနံ့ကို အမှတ်ရမိသွားသည်။ 

"အဲဒီလူက ဘယ်လိုလဲ ချောလား" ဝေယံက ရွှတ်နောက်နောက် မေးလာလေတော့ ရနောင်းက ဝေယံ့ခေါင်းကို စာအုပ်ဖြင့် ထုလိုက်သည်။ 

"အဲ‌လောက်ထိ မတွေးနိုင်ခဲ့ဘူးဟ" ပြောပြီးမှ ရနောင်း ပြန်စဉ်းစားလိုက်မိသည်။ 

ဆံပင်အနက်ရှည်ရှည်တွေရယ်၊ သူ့ထက် ခေါင်းတစ်လုံး လောက်မြင့်တဲ့ အရပ်ရယ်၊ ပြီးတော့ ထင်ရှားတဲ့ မေးရိုးတွေရယ်...

အမှန်အတိုင်း ပြောရရင်တော့ ကြည့်ကောင်းတာပေ့...

ဒါပေမယ့် ရုပ်ရည်က အဓိက မဟုတ်ဘူး.. တကယ် သ‌ဘောကျဖို့ ကောင်းတာက အဲဒီလူဆီက လာတဲ့ နွေးထွေးမှုရယ် ပြီးတော့ ကြင်နာတဲ့ အသံ၊ သူ့ကို ထီးလှမ်းပေးတုန်းက ‌အပြည့်အဝ အလေးပေးတဲ့  အမူအရာ..

"အဲဒါကြောင့် မင်းတို့ကို အရမ်း ကာရော လျှောက်မသွားကြနဲ့လို့ပြောတာ" ထူးမြတ်မွန် တော့ စာကြည့်တိုက် ပြတင်းပေါက်ဘောင်ပေါ် ထိုင်နေရင်းမှ လှမ်းပြောလေသည်။ 

"ငါတို့ လျှောက်သွားတာ အပြစ်လား၊ နင်တို့ အယ်လ်ဖာတွေက ကိုယ့်ပစ္စည်းကို ဘောင်းဘီထဲ သေချာ သိမ်းထားသင့်တာ မဟုတ်ဘူးလား" 

ဝေယံက ပက်ခနဲပြန်ဖြေတော့ ထူးမြတ်မွန်က မျက်မှောင်ကြုံ့ရင်း "သူတို့ က ငါတို့လို ရိုးရိုး အယ်လ်ဖာမှ မဟုတ်တာ။ ပစ္စည်းရိုက် လုတဲ့ သူတွေလေ"

"အဲဒါဆိုရင် အစိုးရက ဥပဒေ စိုးမိုးရေးကို သေချာလေး လုပ်ရမှာ မဟုတ်လား။ နိုင်ငံသားချင်း အတူတူကို ဘာလို့ ငါတို့က  ဒုက္ခခံ‌ပေးရမှာလဲ" ဒီတစ်ခါတော့ ရနောင်းက "အကာအကွယ် ပေးရန်လိုအပ်သော မျိူးကွဲများနှင့် ၄င်းတို့ အတွက် အထူး ဥပဒေ" ဟူသော စာအုပ်ကို ယမ်းပြရင်း ငြင်းခုံလိုက်သည်။

မှိုင်းညို့ရီဝေOù les histoires vivent. Découvrez maintenant