"နွေဦးခင် ကမပြီးပြီလား"
"အော်ယမုံလှိုင် လာခေါ်တာလား"
"ငါကလာမခေါ်လို့ ဘာလုပ်ရမှာလဲ ဒါနဲ့ ဟိုကလေးဘယ်မှာလဲ"
"ခနနေဆင်းလာလိမ့်မယ်"
"အော် သွားကြတော့မလို့လား အဲ့တာဆို သက်ထား ကိုယ့်ဘာသာပဲသွားလိုက်တော့မယ်နော်"
"အယ် အဲ့လိုဘယ်ဖြစ်ပါ့မလဲ တို့လိုက်ပို့ပေးပါ့မယ်"
"ဟယ် ယမုံလှိုင် ခုမှစတွေ့တဲ့သူကို"
"နင်ကလဲ ဟယ် ဒါကတော့သိတယ်မလား"
"အဆင်သင့်ဖြစ်ပြီဆိုသွားကြတော့မလား"
"အွန်း"
"ဒါနဲ့သက်ထား ညနေကျရင် ယမုံ လာကြိုရမလား"
"မရဘူး"
"ဟဲ့ နွေဦးငါက သက်ထားကိုမေးနေတာလေ"
"ငါကသူ့အစားဝင်ဖြေပေးတာ သူက ညနေကျ ကျောင်းဆင်းတာနဲ့ အလုပ်ကိုတန်းသွားရမှာ"
"အော် အေးပါဟယ်"
ဒီလိုနဲ့သူတြိ့တွေ စကားပြောရင်းနဲ့အိမ်မှထွက်လာခဲ့ရာ
"အာ ဟိုဘက်မှာ စက်မှုအင်ဂျင်နီယာကျောင်း ရောက်ပြီ ကျေးဇူးပါနော် နွေဦး ညနေကျ အလုပ်ကို တူတူသွားမယ်နော်"
"အွန်းပါ"
"ဟဲ့ကမ နင်ငါ့ကျ မလိုက်ခိုင်းဘူးစိတ်ဓာတ် ဒါနဲ့နင်က သူ့အလုပ်ကိုသွားပြီး ဘာသွားလုပ်မလို့လဲ"
"ဒါကတော့ဒါပေါ့ ငါ့ကိုသူခေါ်တာဆိုတော့"
"အေးပါ ညေးမပြောပြချင်လဲ နေပါအေ"
"ဟဲ့ သက်ထား"
"အော် လင်းလက်ပါလား"
"အေး ဒါနဲ့လေ နင်နဲ့ဟိုအမနဲ့ကဘာတွေလဲ"
"အဟွတ် ဟွတ် ဘယ်တစ်ယောက်လဲ ငါ့ကို ဒီနေ့လိုက်ပို့တာက နှစ်ယောက်မို့"
"အော်နင်ကလဲ ငါအဲ့ကားနားကဖြတ်သွားတုန်း နင်နဲ့အဲ့အမနဲ့ အလုပ်ကိုအတူတူသွားဖို့ တိုင်ပင်နေတာလေ နာမည်က နွေ... ဘာဆိုလားပဲ"
"အော် အဲ့တာက နွေဦးခင် သွေးသားမတော်စပ်ပေမဲ့....."
* ပြန်စဉ်းစားကြည့်တော့မှ သူနဲ့ကဘာတေလဲ ညီအမလား? ရည်းစားတေလဲမဟုတ် သွေးသားလဲမတော့စပ် ဘယ်လိုသဘောမျိုးလဲ အာတော်ပြီ ညီအမလို့ပဲပြောလိုက်တော့မယ်*

YOU ARE READING
အနမ်းတစ်ပွင့်🌹
Romanceလောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်