"သမီး ဘယ်သူနဲ့စကားပြောနေတာလဲ"
"ဒယ်-ဒယ်ဒီ"
"သမီးရည်းစားလား"
"... ဟုတ်.."
"အဲ့ကောင်က ဘယ်ကကောင်လဲ"
"ဝိုးး ဒယ်ဒီခနနေပါဦး သမီးထားတာက ကောင်လေးမဟုတ်ပါဘူး"
"ဟေ ဒါဆို?"
"မိန်း-မိန်းကလေးပါ"
"ဟာ ဒါဆို သမီးက lesbian ပေါ့"
"ဟုတ်ပါတယ် ဒယ်ဒီ"
"သမီးတို့တွဲနေတာဘယ်လောက်ကြာပြီလဲ"
"ဟို... မနေ့ တစ်နေ့လောက်ကပဲရှိသေးတယ်"
"😠 အတည်သေချာလို့လား"
"သေချာပါတယ် အဖေက သိတာစောတယ်လေ"
"အကယ်၍သူက အဖေတို့ဆီက ခြူစားနေတာဆိုရင်ရောသူကသမီးရဲ့ရုပ်ရည် တစ်ခုတည်းကိုပဲကြည့်ပြီးကြိုက်တာဆိုရင်ရော😠"
"အဲ့လိုမဖြစ်လောက်ပါဘူး အဖေရဲ့ သမီးသူးကို တစ်ကယ်ချစ်တာပါ အတည်ပါ သူလဲသမီးကို အတည်ချစ်တာပါ"
"အဲ့အရာက သမီးကိုပျော်ရွှင်စေလား သမီးကို နာကျင်တာမျိုး ဖြစ်စေလား။ သူနဲ့ရှိနေရင် လုံခြုံလား စိတ်ချရလား"
"အဖေကသမီးကိုအဲ့တာတွေမေးနေတာ ပေးစားမလို့လား"
"ဒီကလေးမနဲ့ကတော့ ငါမေးတာပဲဖြေ"
"သူ့အနားမှာရှိရင် ပျော်တာပေါ့ အဖေရဲ့ သူသမီးရဲ့အနားမှာရှိရင် လုံခြုံတယ်လို့ ခံစားရတယ် ပြီးတော့ သမီးရဲ့ပင်ပန်းတာတွေပါပျောက်သွားတဲ့အပြင် အားပါတက်လာသလို"
"ကဲပါ နောက်ထပ် ထပ်ပြီးမေးမယ် အတည်လား"
"တစ်ကယ် အတည်ပါ ဘယ်တော့မှမခွဲဘူး"
"ဟုတ်ပြီ အကယ်၍ ကွဲသွားခဲ့ရင် အများရီးစား အများရီးအိပ် အကျယ်ကြီးဟောက်ပြီး ကိုယ်နှစ်သပ်တဲ့အရာတွေပေါ်မှာ အာရုံစိုက် အဲ့အချိန်ကျ အဖေ သမီးရဲ့နားမှာ ရှိနေပေးမယ်"
"အဖေရယ် ပါးစပ်ပုတ်ကြီးနဲ့ ပြတ်ခဲ့လျှင်တဲ့"
"ဒါကတော့ ပြောပြတာပါ"
"အဖေ ချစ်တယ်နော်😊❤️"
"အဖေလည်းသမီးကိုချစ်ပါတယ်ကွယ် လောလောဆယ် ပြင်ဆင်ပြီးရင် အဖေတို့ သွားကြမယ်"

YOU ARE READING
အနမ်းတစ်ပွင့်🌹
Romanceလောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်