"ဟင်... ငါဘယ်ရောက်နေတာလဲ... အော်ဟုတ်သားပဲ ခေါင်းကိုက်လွန်ပြီး.. နေပါဦး သက်ထား..ရော"
(သက်ထားဟာ နွေဦးရဲ့လက်ကိုကိုင်၍အိပ်ပျော်နေကာ ဆံပင်တွေမျက်နှာပေါ်မှာ လေးလံစွာကျနေပြီ နှာခေါင်းကလဲနီနေ၊ မျက်လုံးကလဲနီနေကာ တော်တော်လေး ငိုထားသည့်ပုံပင် မသက်မသာစွာကျနေသည့် ဆံပင်လေးများကို သက်ပေးကာ သက်ထားကို ကြည့်နေပါတော့တယ်၊ ထိုအချိန်တွင်သက်ထားနိုးလာကာ)
"Om.. နွေဦး.. နိုးပြီလား ဆရာဝန် သွားခေါ်ပေးမယ်နော် ခနစောင့်"
"အွန်း"
*သက်ထားရယ်... ငါ့အတွက်ကြောင့်နဲ့ ဒုက္ခမခံပါနဲ့😌*"လူနာနိုးလာပြီလို့ကြားတယ်"
"ဟုတ်ပါတယ်ဒေါက်ဒါ"
"အွန်း စိုးရိမ်စရာ ထွေထွေထူးထူးတော့မရှိပါဘူး နေအရမ်းပူတာကြောင့်ရယ်၊ ခေါင်းခနခနလျှော်တော့ ခေါင်းမှာ မှိုဖြစ်ပြီး သွေးဖိအားတိုးသွားတာပါ"
"ဟုတ်ကဲ့ပါ ဒေါက်ဒါ ကျေးဇူးတင်ပါတယ်"
"နွေဦး အဆင်ပြေလား၊ သက်သာလား ဘယ်လိုခံစားရလဲ ခေါင်းမူးတာတွေ အန်ချင်တာတွေဖြစ်သေးလား တစ်ခုခုနေရထိုင်ရ အဆင်မပြေရင် သက်ထားကိုပြောနော် သက်ထားဘာမဆိုလုပ်ပေးမယ်"
"သက်ထား... ဘယ်လိုပြန်လာတာလဲ ဟိုဘက်မှာအလုပ်ရှိတယ်မို့လား"
"နွေဦး...ခေါင်းကိုက်တယ်ပြောပြီး သတိမေ့သွားတာမြင်တော့ သက်ထားလဲ အရမ်းစိတ်ပူသွားပြီး ၇:၀၀ လေယာဉ်နဲ့ အမြန်ဆုံးလာလိုက်တာ"
"သက်ထားရယ်.. နွေဦးအတွက်နဲ့ ဒုက္ခခံနေစရာမလိုပါဘူး"
"ဟင် ဒုက္ခခံတယ် ?အဲ့လိုဖြစ်စရာလား၊ ဟောဒီက အမျိုးသမီးလေးအတွက်ဆို ဒီက သက်ထားက ဘာမဆိုလုပ်ပေးမှာ"
"ဟုတ်ပါပြီ ဒါမဲ့ နွေဦးအတွက်နဲ့ အလုပ်ကို ပစ်ထားပြီးလာခဲ့တာမဟုတ်လား"
"အွန်း... ဒါမဲ့ဘာမှမဖြစ်ပါဘူး နွေဦးအတွက်ဆို ဘယ်လောက်ပဲကြာကြာ နွေဦးအနားပဲရှိနေတော့မှာ ဒီကလူသားက စိတ်မချဘူး"
"ဟုတ်ပါပြီ"
*Phone rings*
"Hello ဒယ်ဒီ"

YOU ARE READING
အနမ်းတစ်ပွင့်🌹
Romanceလောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်