Ch-2.4
ကျန်းချာ က စိုစွတ်သော ထမင်းနှစ်လုတ်ကို ဆွဲထုတ်၍ ရှန်းရှီ၏မျက်နှာနှင့် ပါးစပ်ကို သုတ်လိုက်ပြီး သူ့လက်ချောင်းများ ဒေါသကြောင့် တုန်တုန်ယင်ယင် နေသည်။
သူ့သားက အရမ်းထိတ်လန့်နေတော့ တချိန်လုံး ချောင်းဆိုးနေကာ ငိုတောင်မငိုရဲတော့။
ကျန်းချာ သည် ရှန်းရှီ၏နောက်ကျောကို အသာအယာ ပုတ်လိုက်ပြီး သူတို့နောက်ကွယ်တွင် သားဖြစ်သူကို ဘယ်လောက်ပြုမူခဲ့လဲဆိုတာကို တွေးကာ ကျန်းချာ သည် ကလေးထိန်းကို တိုက်ရိုက်သတ်ပစ်ချင်နေသည်။
" မစ္စကျန်း" ကလေးထိန်းက အော်ခေါ်လေသည်။
ကျန်းချာ မှာ သွားတင်းတင်းကြိတ်၍ အေးစက်စက်ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား"
ကလေးထိန်း၏လည်ပင်း ပုဝင်သွားကာ အခုမစ္စကျန်းကြောင့်နည်းနည်းကြောက်သွားသည်။
ကျန်းချာ ဟာ အရင်တုန်းကတော့ သိပ်ပြုံးလေ့မရှိပေမယ့် သူမ လက်လှမ်းမမှီဘူးလို့သာ ခံစားခဲ့ရပြီး ဒီလိုအေးစက်တဲ့ခံစားချက်မျိုး တစ်ခါမှမကြုံခဲ့ဖူးပါ။
ကျန်းချာ က သူမကိုလွှတ်မပေးဘူးဆိုတာ သိရှိပြီးနောက် တခဏကြာ အပြင်ကိုဘယ်လိုထွက်မလဲ ဟု တွေးတောရင်း တည့်တည့်ကိုကြည့်လိုက်သည်။
ကျန်းချာ က ရှန်းရှီ ကို တခဏ ချော့သိပ်ပြီးနောက် ရှန်းရှီမှာ မူးနောက်နောက်နဲ့အိပ်ပျော်သွားလေသည်။
သူ့လက်လေးတွေက ကျန်းချာ ရဲ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ့ရဲ့တစ်ခုတည်းသော အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်လိုက်သလိုမျိုးဖြစ်နေသည်။
ကျန်းချာ၏မျက်ရည်များ ကျဆင်းလာကာ သူ့သားနိုးလာလို့ ငိုမည်ကို စိုးသောကြောင့် နှုတ်ခမ်းကိုတင်းတင်းကိုက်ထားသည်။
ရှန်းရန် ကျန်းချာ အနားမှာ ရပ်နေသည်။
သူ လည်း ဝမ်းနည်းရသည်။
သူ သည် ဖခင်တစ်ယောက်အနေနဲ့တာဝန်ပျက်ကွက်ခဲ့သည်။
သူနှင့် ကျန်းချာ နှစ်ဦးစလုံးသည် အလုပ်ဂျိုးများဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးသည် ဒီမထင်မှတ်ထားသော ကလေးအတွက် ခံစားချက်များစွာမရှိကြပေ။
ကလေးမွေးဖွားချိန်မှ ယခုအချိန်အထိ ရှန်းရှီ နှင့် သူတို့နှစ်ဦး ကုန်ဆုံးချိန်သည် လက်တစ်ဆုပ်စာမျှသာဖြစ်သည်။ရှန်း မိသားစုသည် ကလေးထိန်းတစ်ဦးကို ငွေအမြှောက်အများဖြင့် ငှားရမ်းခဲ့ပြီး နောက်ဆုံးတွင် ထိုကဲ့သို့သော ငွေအမြောက်အမြားဖြင့် နေထိုင်သူမှာ ကလေး အား မတော်မတရားပြုသူဖြစ်လာခဲ့သည်။
အံ့သြစရာမရှိပါ။
သားဖြစ်သူနဲ့ရှားရှားပါးပါးအချိန်တွေမှာ သူ့သားက အမြဲသတိရှိပြီး သိပ်သတ္တိမရှိဘူးဆိုတာ အံ့သြစရာတော့မဟုတ်တော့။ သူနဲ့ကျန်းချာ က ကလေးအနားမှာ မရှိဘူးလို့ ကလေးက အမြဲတွေးထားတာကြောင့် ကလေးက သူတို့နဲ့မရင်းနှီးတာဖြစ်သည်။
ရှန်းရန် သည် သူ့မျက်လုံးများကို မော့ကြည့်၍ အိမ်ရှိ CCTV ကို ကြည့်လိုက်သည်။
သူပဲဖြစ်ဖြစ် ကျန်းချာ ပဲဖြစ်ဖြစ် နှစ်အနည်းငယ်ကြာအောင် တပ်ဆင်ထားခဲ့သည်။သူ သာ တချက်လောက်ကြည့်ခဲ့ရင် ကလေးက ကလေးထိန်း၏အနိုင်ကျင့်ခံရမှာမဟုတ်ဘူး။
ရှန်းရန် မျက်လုံးမှိတ်လိုက်သည်။
သူသည် ခင်ပွန်းကောင်းမဟုတ်သလို ဖခင်ကောင်းလည်းမဟုတ်ပေ။
ရှန်းရန် လက်မြှောက်၍ ကျန်းချာ ရဲ့ ပခုံးပေါ် တင်လိုက်သည်။ "မင်း ကလေးကိုချီပြီး အထဲဝင်နှင့်.. ကိုယ် ကိုင်တွယ်လိုက်မယ်.."
"မဟုတ်ဘူး" ကျန်းချာ မှာ တည်ငြိမ်နေကာ ရှန်းရန် ကိုကြည့်ဖို့ ထလိုက်သည်။
ကျန်းချာ သည် ရှန်းရှီ ကို ရှန်းရန်၏လက်နှစ်ဖက်ထဲသို့ ဂရုတစိုက်ထည့်ကာ သူ့ကိုယ်ဟန်အနေအထားကို ထိန်းညှိပေးလိုက်သည်။

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။
RomanceAfter Rebirth, I Just Want To Concentrate on Raising My Baby အပိုင်း-60။ Author : 糖不停 Paid gp - completed.