Ch-2.1
ရှန်းရန် ကျန်းချာ နှင့်အတူ မြန်မြန်ဆန်ဆန် ရောက်လာခဲ့ကြသည်။
ဓာတ်လှေကားကို စောင့်နေစဥ် ရှန်းရန် က ရုတ်တရက်ပြောလာခဲ့သည်။
"စိတ်လျှော့ထား.."
ကျန်းချာ နည်းနည်းအံ့သြသွားပြီး ရှန်းရန် ကို စိုက်ကြည့်၍ "အင်း" ဟု တုန့်ပြန်မိသည်။
ဓာတ်လှေကားက အမြန်ရောက်လာသည်။
ရှန်းရန် က ကျန်းချာ ကို အရင်ဝင်ခိုင်းကာ အနောက်က လိုက်လာခဲ့သည်။
ဓာတ်လှေကားဖြင့် အောက်သို့ လူနှစ်ယောက် ဆင်းလာသည်။ လူတိုင်း ဓာတ်လှေကားထဲသို့ ဝင်လာကြသည်ကို မြင်လျှင် "ဥက္ကဌရှန်း၊ဒုဥက္ကဌကျန်း" ဟု အလျင်စလို နှုတ်ဆက်ကြသည်။
ကျန်းချာ၏နှလုံးသားမှာ နှစ်မြုပ်မတက်ဖြစ်နေကာ မသိမသာ ခေါင်းညိတ်လိုက်သည်။
သူမ တင်းမာနေသည်ကိုကြည့်ရင်း ရှန်းရန် မှ "အရမ်းစိတ်မပူပါနဲ့မင်း နောင်ကျ သူ့ကိုခြောက်မိနေဦးမယ်.."
လုပ်ဖော်ကိုင်ဖက်များ တိတ်တဆိတ် နားစွင့်ထားကြသည်။– သူ? ဘယ်သူကိုပြောနေတာလဲ?
ကျန်းချာ ခေါင်းညိတ်လိုက်သည်။ "သိပါတယ်.. သူ့ကို မမြင်ရရင်တောင် စိတ်မပူပါဘူး.."
ရှန်းရန် မှ "အင်း ကိုယ် သိပါတယ် ကိုယ့်ကားနဲ့သွားမယ် မင်းဝမ်းနည်းနေတော့ ကားမောင်းရင် အန္တရာယ်ရှိနိုင်တယ်.."
"ကောင်းပြီ။"
ကျန်းချာ က ဒီကိစ္စကို သိပ်ပြီး မတွေးခဲ့မိဘူး။
၎င်းမှာ ဓာတ်လှေကားထဲ တိတ်တဆိတ် နားစွင့်နေကြသည့် လုပ်ဖော်ကိုင်ဖက် ၂ ယောက်ကို အံ့အားသင့်စေခဲ့သည်။
ကျားရှန်းတစ်ခုလုံးတွင်၊ဥက္ကဌရှန်း နှင့် ဒုဥက္ကဌ ကျန်း တို့ကြား ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း မသိကြပါ။ သူတို့ကြား ဆက်ဆံရေးသည် မကောင်းတာမျိုးမဟုတ်ပဲ အချင်းချင်း ခင်မင်ရင်းနှီးသော ဆက်ဆံရေးလည်း မဟုတ်ပေ။
ဒုဥက္ကဌကျန်း နှင့် ဥက္ကဌရှန်း တို့ အစည်းအဝေးခန်းထဲ အချင်းချင်းစကားများကြသည်ကို တွေးမိပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တုန်လှုပ်သွားကြသည်။

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။
RomanceAfter Rebirth, I Just Want To Concentrate on Raising My Baby အပိုင်း-60။ Author : 糖不停 Paid gp - completed.