Ch-2.5
ရှန်းရန် တစ်ယောက် ကလေးကိုချီသည်မှာ အချိန်နည်းပါးသောကြောင့် သူ၏လှုပ်ရှားမှုများမှာ အနည်းငယ် တွန့်သွားသည်။
သို့သော် ရှန်းရှီ နိုးလာဖို့ မရည်ရွယ်ထားသောကြောင့် လုံးဝမရည်ရွယ်ဘဲ သူ့လက်များက ကလေးကို ပုတ်ပေးနေခဲ့သည်။
ထိုအချိန်တွင် ရှန်းရန် သည် တစ်စုံတစ်ရာ ကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။
ကျန်းချာ က ရှန်းရှီ ကို ပါးလေးကိုပုတ်၍ ရှန်းရန်ကို တီးတိုးပြောလိုက်သည်။ "ရှင် အရင်ဝင်နှင့် တံခါးပါပိတ်ထား ..ကျွန်မ ဖြေရှင်းမယ်..."
"ကိုယ် ..." ရှန်းရန် ငြင်းချင်သည်၊ကျန်းချာအနိုင်ကျင့်ခံရမည်ကို စိုးမိနေသည်။
ကျန်းချာ ပြုံးလိုက်သော်လည်း သူ့မျက်လုံးထဲတွင် နွေးထွေးမှုမရှိပါ။
"သွား... မဟုတ်ရင် ကျွန်မတို့ရှန်းမိသားစုက ယောကျာ်းက မိန်းမတစ်ယောက်ကို အနိုင်ကျင့်တယ်လို့ပြောနေပါဦးမယ်..."
ကျွန်မတို့ ရှန်းမိသားစု?
ရှန်းရန် သည် သူ့စိတ်ထဲတွင် စကားအနည်းငယ် ရေရွတ်လိုက်ပြီး ကျန်းချာ၏အဆိုပြုချက်ကို သဘောတူလိုက်သည်။
ရှန်းရန်သည် ရှန်းရှီ ကိုချီ၍ အခန်းထဲဝင်သွားသည်ကို ကျန်းချာ စောင့်ကြည့်နေခဲ့သည်။
တံခါးပိတ်သွားသောအခါ ကျန်းချာ အသက်ပြင်းပြင်းရှူ၍ ကလေးထိန်းဘက်သို့လှည့်ကြည့်လိုက်သည်။
ကလေးထိန်းမှာ မသိမသာ နောက်ဆုတ်၍ "မစ္စကျန်း.. .. ကျွန်မ ရှင်းပြပါရစေ၊ရှင်းပြပါရစေ"
ကျန်းချာ က သူ့လက်ကို မြှောက်၍ ကလေးထိန်း၏ပါးကိုရိုက်ချလိုက်သည်။
"နင့်အမေကိုရှင်းပြ..!"
အခန်းထဲမှာ ရှန်းရန် က ရှန်းရှီ ကို ကုတင်ပေါ်တင်လိုက်တယ်။ ဒီစကားကြားတော့ သူ့လည်ပင်းက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။
အပြင်ကလူက ..ကျန်းချာ လား?

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။
RomansaAfter Rebirth, I Just Want To Concentrate on Raising My Baby အပိုင်း-60။ Author : 糖不停 Paid gp - completed.