အပိုင်း ၄ (uni)

116 8 0
                                    

မောင်ကသူ့ကိုအခန်းထဲကိုချီပီးခေါ်သွားသည်။အခန်းထဲရောက်တော့ ကုတင်ပေါ်အသာချပေးသည်။
သမီးဖြစ်သူကစ်လေးကိုကြည့်လိုက်တော့လဲ ဆေးရှိန်နဲ့နှက်နှက်ချိုက်ချိုက်အိပ်ပျော်နေသည်။သူလဲမောင့်လက်မောင်းကိုခေါင်းအုံးကာ မောင့်ရင်ခွင်ထဲဝင်ရင်း မျက်လုံးများမှိတ်လိုက်သည်။
အိပ်စက်လိုက်ခြင်းမဟုတ်ပါ။မောင့်အကြောင်းတွေးရအုန်းမည်။ငါက ငြိမ်နေတာအကောင်းမဟုတ်ဘူးဆို
တာလဲမောင်သိမှာပါ။ငါ့အပိုင်ဆို လူမပြောနဲ့ စက္ကူစလေးတစ်ခုတောင် ငါမပေးရင်ရမှာမဟုတ်ဘူး။
မောင်က ငါ့အပိုင်လေ ငါ့အသွေးအသက်နဲ့ထပ်တူထပ်
မျှချစ်ရတဲ့လူသားလေး။

အေးချမ်းစေတစ်ယောက်မောင့်အကြောင်းများကိုတွေးကာ ညနက်မှအိပ်ပျော်သွားလေသည်။အေးချမ်းစေ အိပ်ပျော်သွားမှ ရင်ခွင်ထဲထည့်ထားတဲ့သူက ပိုတိုးပီးတော့ဖက်လိုက်သည်။
ကိုယ့်ကို မင်းပဲပိုင်တာပါကွာ။

မနက်ရောက်တော့ ကစ်လေးနေပြန်ကောင်းသွားပီး
လန်းလန်းဆန်းဆန်းဖြစ်နေပီ။ကစ်လေး နေပြန်ကောင်းသွားမှ အေးချမ်းစေ လဲမျက်နှာလေးပိုပီးတော့ ပြုံးလာရသည်။မနေ့က တစ်လုံးစိတ်ရှုပ်စရာတွေကြီးပဲမလား။

မနက်စာစားပီးတော့ ကားလေးက ကုမ္မဏီသို့ တရွေ့ရွေ့မောင်းသွားသည်။ထိုကားပေါ်မှာတော့ မောင်ရယ် မောင့်ရဲ့ပိုင်ရှင်ရယ် သမီးကစ်လေးရယ်။
ကုမ္မဏီကိုရောက်တော့ ထုံစံအတိုင်း အေးချမ်းစေက
မိုးထက်ယံလက်မောင်းများကိုချိတ်ဆွဲပီး ကုမ္မဏီထဲသို့ဝင်သွားသည်။အေးချမ်းစေ မျက်နှာက အရင်ကနေ့တွေထက်ပိုပီးတော့တည်နေသည်။

အရင်နေ့တွေကအတိုင်းပဲ မောင်ကအလုပ်လုပ်နေတုန်း အေးချမ်းစေနဲ့ ကစ်လေးက ဆိုဖာပေါ်မှာထိုင်ကာ မုန့်စားလိုက် ကစားလိုက်နှင့်။ထိုအချိန်တွင် ရုံးခန်းတံခါးပွင့်လာပီး အထဲကိုမိန်းကလေးတစ်ယောက်ဝင်လာသည်။

"မိုးထက်"

"ဒီအခန်းထဲကို ဝင်ချင်တိုင်းဝင်ခွင့်မရှိဘူးဆိုတာမသိဘူးလား
မောင့်အတွင်းရေးမှုးက မပြောဘူးလား "

"အော် ကိုအေးချမ်းစေ ရောက်နေတာပဲ
မသိလိုက်ဘူး မိုးထက်ရဲ့အတွင်းရေးမှုးကပြောပါတယ်
ဒါဒါက တခြားလူမှမဟုတ်တာ မိုးထက်သူငယ်ချင်းပဲလေ မိုးထက်ကလဲ ခွင့်ပြုမှာပါ"

ငါကမင်းရဲ့ပိုင်ရှင်Where stories live. Discover now