"အချစ် ပြီးပီလား"
"ငါကပြီးပါပီ ဒီမှာမောင့်သမီးလေးက
ငါ၀တ်ပေးတဲ့ အိကျီတေမကြိုက်ဘူးဖြစ်နေတယ်"ကစ်လေးက အေးချမ်းစေအဝတ်ဝတ်ပေးဖို့လုပ်နေသည်ကို လက်ဖြင့်ပြန်ပြန်တွန်းပစ်နေသည်။
"ဟော ဖေဖေ့ကစ်လေးက ဘာအရောင်လေး၀တ်ချင်တာလဲ ဖေဖေ့ကိုပြော"
မိုးထက်ယံမေးလိုက်တော့ ကစ်လေးက မိုးထက်ယံ အိကျီကိုလက်နဲ့ပုတ်ပြသည်။
"ဟော ကစ်လေးက ဖေဖေတို့နဲ့အရောင်တူတာကိုဝတ်ချင်တာလား"
အခုတလောအေးချမ်းစေက မိုးထက်ယံကို အမြဲတမ်းစောင့်ကြည့်နေသည်မှာ အရင်ကထက် သိသိသာသာပင်။အခုလဲ အလုပ်ပိတ်ရက် အပြင်ထွက်လည်ချင်သည်ဆိုသဖြင့် လိုက်ပို့ပေးမည်ဟုပြောလိုက်သည်။ဒါတင်မကသေး ဆင်တူအိကျီ၀တ်ချင်တယ်ဆိုသဖြင့် ဆင်တူအိကျီပါ၀တ်ရသည်။
အေးချမ်းစေက မိုးထက်ယံအဖြူရောင်ကြိုက်သည်ကို သိသဖြင့် မိုးထက်ယံကို အဖြူရောင်လေးပေးဝတ်ပီး သူက အမဲရောင်
အိကျီလေးကိုဝတ်ထားသည်။အဖြူနဲ့အမဲ ဆင်တူအိကျီလေးဖြစ်သည်။"ကစ်လေးက ကိုယ်တို့နဲ့ဆင်တူအိကျီဝတ်ချင်နေတာ အချစ်ရဲ့ ဖေဖေတို့က ဆင်တူဝတ်တော့ ဖေဖေ့ကစ်လေးကလဲ ဆင်တူဝတ်ချင်တာပေါ့ နော် သမီးလေ"
မိုးထက်ယံက ကစ်လေးကိုပြောလဲပြော လက်ကလဲ အိကျီဝတ်ပေးနေသည်။
အိကျီဝတ်ပီးတော့ အေးချမ်းစေက ကစ်လေးကိုချီကအောက်ထပ်သို့ဆင်းသွားသဖြင့်မိုးထက်ယံလဲ နောက်ကလိုက်ရသည်။
"သားတို့ သွားတော့မလို့လား "
"ဟုတ်ကဲ့ မေမေ "
" သားငယ်လေးကို ဂရုစိုက်နော် သားလေး"
"သားသိပါတယ် မေမေရယ်"
"အာဘွား မေမေ သားတို့သွားတော့မယ်"
အေးချမ်းစေက မေမေ့ပါးကို တစ်ချက်နမ်းကာ နှုတ်ဆက်လိုက်ပီး ကားဆီသို့ထွက်သွားသည်။
ကားထဲရောက်တော့ ခါးပတ်ပတ်ပေးရင်း မိုက်ထက်ယံက မေးလိုက်သည်။
"ဘယ်ကို အရင်လိုက်ပို့ပေးရမလဲ အချစ်"
"ကစ်လေးဖို့ အိကျီဝယ်ပေးဖို့ အရင်သွားရအောင်"
