'အောက်တန်းစားကောင် ငါတစ်ယောက်လုံးရှိနေတာတောင်အပြင်ထွက်ပီး လူပျိုလုပ်နေတယ်ပေါ့ ငါမသိဘူးထင်လို့လား ဟင် ငါ့ကိုငတုံးများထင်နေလား မင်းမှန်တယ်ထင်ရင် ငါ့မျက်လုံးကို ရဲရဲဝံ့ဝံ့ကြည့်စမ်းပါ'
"ကျစ်"
ကားကိုမှီပီး သူ့ကိုတရားခံစစ်သလိုကြည့်နေသောသူကြောင့်ကားနားကိုသွားလိုက်သည်။
"အချစ်ရာ ကစ်လေးက စောစောနိုးနေလို့ လမ်းလျှောက်ထွက်လာတာပါကွာ အချစ်ကလဲအိပ်နေ မနှိုးတော့ပဲ ထွက်လာတာ"
"ငါကဘာပြောနေလို့လဲ"
"ဘာမှမပြောပေမယ့် အချစ်က ကိုယ့်ကိုအဲလိုကြီးကြည့်နေတာကို"
"ဆိုတော့ ငါကသက်သက်မဲ့မင်းကို အပြစ်လိုက်ရှာနေတာပေါ့"
"မဟုတ်ပါဘူးကွာ
အချစ်မနက်စာစားပီးပီလား
ဗိုက်ဆာနေရောပေါ့ လာ လာ ပြန်ကြရအောင်"ဟင်း။ငါ့အကြောင်းတော့သိသားပဲ။မနက်စောစောအိပ်ယာနိုးရင် ချစ်ရသူရဲ့ရင်ခွင်ထဲကနေမောနီးဆိုပီး မေးဖျားလေးကိုမော့နမ်းနေကြ။ဒါကိုသိရဲ့သားနဲ့ငါ့ကိုတစ်ယောက်ထဲထားခဲ့ပီးဒင်းတို့သားဖက မနက်စောစောလမ်းလျှောက်ထွက်သွားတယ်ပေါ့။ခုခေတ်က ပိုင်ရှင်ရှိတယ်ဆိုပီးလက်ချင်းချိတ်ထားရင်တောင်နောက်ထပ်လက်တစ်ဖက်ကိုလာချိတ်ချင်ကြသေးတာ။ပီးတော့ ငါ့ယောကျာ်းလို ဥစ္စပေါ့ ရုပ်ချော သူဌေးတွေဆိုရင်တော့
အရိပ်တောင်အလွတ်ပေးချင်ကြတာမဟုတ်ဘူး။အိပ်ယာနိုးတော့သူ့ကိုမတွေ့လို့ မေမေ့ကို
မောင်ဘယ်သွားလဲမေးတော့ သူ့သမီးကစ်လေးနဲ့လမ်းလျှောက်သွားတယ်ဆိုလို့ ချက်ချင်းကားထုပ်ပီးလိုက်လာခဲ့ရတာ။မျက်နှာတောင်မသစ်ရသေးဘူး။"ရောက်ပီ အချစ်"
အတွေးလွန်နေလို့ကားအိမ်ပြန်ရောက်မှန်းတောင်မသိလိုက်။မောင်က ကားပေါ်က အရင်ဆင်းပီးသူ့ဘက်ကားတံခါးလာဖွင့်ပေးသည်။သူလဲကားပေါ်ကဆင်းပီးအိမ်ထဲဝင်သွားလိုက်သည်။
"အော် ပြန်လာကြပီလား မေမေ မနက်စာစားဖို့စောင့်နေမယ် ရေချိုးပီးဆင်းလာခဲ့ကြနော်"
