မိုးထက်ယံနဲ့အေးချမ်းစေ ဒါဒါဝင့်ကျော်တို့အိမ်ကိုရောက်သွားတော့ ဒါဒါဝင့်ကျော်က ဆိုဖာပေါ်မှာမှီနေသည်။ပုံစံက ထိုင်တောင်ထိုင်နိုင်တဲ့ပုံမပေါ်။မိုးထက်ယံကိုမြင်တော့မျက်လုံးများလက်ခနဲဖြစ်သွားပြီး နောက်က အေးချမ်းစေ ရောပါလာတာကိုမြင်တော့ မျက်နှာပေါ်က အပြုံးများပျောက်ကွယ်သွားသည်။
"အခု ဘယ်လိုနေသေးလဲ"
"ဗိုက်ကအောင့်နေသေးတယ်"
"အင်း အခန်းထဲလိုက်ပို့ပေးရမလား ဆရာဝန်ကိုတော့ ငါဖုန်းဆက်ပီးခေါ်ထားတယ်"
"အင်း အပေါ်ထပ်ကို လိုက်ပို့ပေး"
အေးချမ်းစေက ထိုင်တောင်မထိုင်ရသေးပါ။သူတို့နှစ်ယောက်ကို ကြည့်နေသည်။
"အချစ် အပေါ်ထပ်လိုက်ခဲ့မလား"
"ငါ"
"မိုးထက်ကလဲ ငါက ငါ့အခန်းထဲ သူစိမ်းဝင်တာမကြိုက်ဘူးလေ နင်သိရဲ့သားနဲ့"
"ဒါဆို ဆရာဝန်ကလဲ မင်းနဲ့သူစိမ်းပဲမဟုတ်ဘူးလား အခန်းထဲ သူစိမ်းပေးဝင်တာမကြိုက်ရင် ဆိုဖာပေါ်မှာပဲ ထိုင်စောင့်ကြတာပေါ့"
အေးချမ်းစေက ပြောပီးမိုးထက်ယံဘေးတွင်ဝင်ထိုင်လိုက်သည်။ခနကြာသည်ထိ ဘယ်သူမှလဲ စကားမပြောကြပါ။
"အိမ်ရှေ့က ကားသံကြားတယ် ဆရာဝန်လာပီထင်တယ် ငါသွားကြိုလိုက်အုန်းမယ်"
မိုးထက်ယံအပြင်ထွက်သွားတော့ အေးချမ်းစေက အရင်စကားစပြောလိုက်သည်။
"လုပ်ကွက်အဟောင်းကြီးနဲ့ ဒီထက်ဆန်းသစ်တာလေး မရှိတော့ဘူးလား ဒီအကွက်ကြီးက ရိုးနေပီ"
"ရှင့်လောက် မျက်နှာပြောင်တိုက်တဲ့ ယောကျာ်းမျိုး တစ်ခုမှ မတွေ့ဖူးဘူး"
"ငါ့လိုလူမျိုး နောက်တစ်ယောက် လဲမရှိဘူးငါပဲရှိတယ် ငါ့ယောကျာ်းကိုပိုင်တာလဲ ငါပဲရှိတယ်"
"ဇွတ်တွေ အထင်ကြီးမနေပါနဲ့ ရှင်မသိသေးဘူးထင်တယ် မိုးထက်မှာ "
"ဒါဒါ "
မိုးထက်ယံနှင့်ဆရာဝန်က အိမ်ထဲဝင်လာသည်။ဆရာဝန်က စမ်းသပ်ပေးပီးတော့