ဒီနေ့မေမေ့အသိတွေလာမယ်ဆိုသောကြောင့်ကုမ္မဏီမသွားဖြစ်တော့ပါ။တစ်နည်းအားဖြင့်သူလက်ထပ်ရမယ့်သူရဲ့သတို့သားလောင်း။မေမေကငယ်ငယ်ထဲကသူနဲ့တူတူပေါင်းလာတဲ့မေမေ့သူငယ်ချင်းရဲ့သားနဲ့သူ့ကိုလက်ထပ်ပေးရန်သဘောတူထားသည်တဲ့။ငယ်ငယ်လေးထဲကမေမေတစ်ယောက်ထဲကသာသူ့ကိုပြုစုစောက်ရှောက်ခဲ့သည်ဖြစ်တဲ့အတွက်မေမေ့စကားကိုဘယ်တုန်းကမှမငြင်းဖူးပါ။မေမေ့ကိုပျော်စေချင်သည်။သူငယ်ငယ်က သူ့မွေးနေ့မှာဖေဖေရောဟုမေးမိတော့မေမေငိုသည်။အဲဒီအချိန်ကစပီး သူမေမေငိုမှာကြောက်ပါသည်။ယခုလဲမေမေ့ကသူ့အားကောင်းစေချင်လို့စဥ်ပေးတယ်လို့ပဲသဘောထားပီးလက်ခံလိုက်ပါသည်။ငြင်းစရာအကြောင်းလဲမရှိပါ။
သူတွေးနေတုန်းအိမ်ရှေ့ကကားသံကြားသည်။မေမေ့အသိတွေရောက်လာကြပီထင်သည်။မေမေ့အသိတွေအိမ်ထဲဝင်လာတော့ေမမေကမတ်တပ်လိုက်သဖြင့်သူပါလိုက်ပီးမတ်တတ်ရပ်လိုက်သည်။
"နှင်း လာကွာ တို့စောင့်နေတာကြာပီ"
"ရှင့်သားငယ်လေးပေါ့ သူ့အိမ်ထောင်ဘက်ကိုတွေ့ရဖို့အတွက် အစွမ်းကုန်ပြင်နေလို့ စောင့်နေရတာ"
"မေမေ့သားလေးက ချစ်ဖို့ကောင်းပီးသားပဲကို လာမေမေ့နားလာ"
"ဟုတ် မေမေ"
"သား ဒါသားလက်ထပ်ရမယ့် သူပဲ
အေးချမ်းစေတဲ့ သားထက်အသက် သုံးနှစ်ကြီးတယ်""ဟုတ်ကဲ့"
"သားငယ်ကတော့ မေမေ့သားကိုသိပီးသားဖြစ်မှာပါ ပုံထဲမှာ မေမေပြထားတယ်လေ"
"ဟုတ် သားမှတ်မိပါတယ်"
သူကပြုံးပြလိုက်တော့သူ့ထက်အသက်ကြီးတယ်ဆိုတဲ့သူလက်ထပ်ရမယ့်သူကပြန်ပြုံးပြပါသည်။ရှက်ရွံ့နေသည့်ပုံစံလဲမရှိပါ။သူ့ကိုယ်သူယုံကြည်မှုတော်တော်ရှိတဲ့သူပဲ။
အဖြူရောင်အိကျီနဲ့မိုးပြာရောင်ဘောင်းဘီကိုတွဲဝတ်ထားပီးမျက်ကပ်မှန်အပြာရောင်လေးပါတပ်ထားသည်။ထိုပုံစံကလဲသူနဲ့လိုက်ဖက်မှုရှိသည်။ဆံပင်ကနဖူးပေါ်ဝဲကြနေပီခဲရောင်လေးဖြစ်သည်။"သားတို့အချင်းချင်း စကားပြောကြည့်ကြအုန်းလေ သား သားငယ်လေးကိုအပေါ်ထပ်က သားရဲ့အခန်းထဲကိုခေါ်သွားလိုက်ပါကွယ်"