အပိုင်း ၂

3.3K 644 18
                                    

ဖန်ကြည်ပုလင်းဝိုင်းထဲ ပန်းနုရောင်
ကြယ်လေးကို ထည့်တော့ မားမားက
ပြုံးရယ်ပြသည်။

"နေ့တိုင်းစိတ်ကြည်နူးနေတော့ မားမား
ဝမ်းသာတယ်"

ဗင်းဒိုရာ မားမားကိုရယ်ပြသည်။ ဗင်းဒိုရာ အတွက်နေ့ရက်တွေက ရိုးရှင်းပေမဲ့
စိတ်မချမ်းသာစရာတစ်ခုမျှမရှိပါ။

တစ်တခါတလေ အဖြေရှာမရသော
စကြာဝဠာနှိုင်းရသီအိုရီ ပုစ္ဆာတွေကသာ ဗင်းဒိုရာအတွက်တစ်ခုတည်းသော
စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

"ဗင်း...ဗိုက်ဆာပြီလား"

"ဟင့်အင်း...မားမားရောဆာပြီလား"

"မဆာသေးပါဘူး။ ပါးပါးပြန်လာတာ
ကိုစောင့်နေတာ။ ဗင်း ဗိုက်ဆာမှာစိုး
လို့ လာမေးတာ"

"ပါး ပြန်လာမှအတူတူစားပါ့မယ်"

"ဒါဆို နေနှင့်ဦးနော်။ မားမား လုပ်စရာ
လေးတွေရှိသေးလို့

ဗင်းခေါင်းညိတ်ပြလိုက်သည်နှင့် မားမားက အခန်းတံခါးကို ညင်ညင်သာသာ ပိတ်ပေးပြီး ထွက်သွားခဲ့သည်။
ဗင်း ရှေ့မှ ဖန်ပုလင်းထဲပြည့်လုပြည့်ခင်
ဖြစ်နေသော ကြယ်လေးတွေကိုကြည့်
ရင်း သက်ပြင်းဖွဖွချမိသည်။ ထိုသို့
သော အပြုအမူမျိုးကို မိဘတွေရှေ့
ဗင်းမလုပ်ခဲ့ဖူးပေမဲ့ သူတို့မျက်ကွယ်ရာ
တွင်တော့ မကြာခဏဆိုသလိုလုပ်မိသည်။

ဗင်းအတွက် ပူပန်စရာမရှိပါ။ အစိုးရ
ဌာနကြီးတစ်ခုတွင် အလုပ်လုပ်နေသော
ရိုးရှင်းသော အဖေတစ်ယောက်နှင့်
အိမ်ထောင်မှုနိုင်နင်းပြီး ဟင်းကောင်း
ကောင်းချက်တတ်သော အမေရှိသည်။
ဗင်းတို့အိမ်ကလည်း မြို့ထဲရှိနာမည်
ကြီး ဗီလာထဲက အိမ်။ အိမ်ရှေ့တွင်
ချယ်ရီဖြူပင်တွေအပြည့်ရှိနေပြီး သာယာသော စမ်းချောင်းလေးက
အိမ်နောက်တွင် စီးဆင်းနေသေးသည်။
အမြဲအိမ်မှာနေနေရသော ဗင်းအတွက်
အိမ်ကနေခွာချင်စိတ်လည်းမရှိပါ။

ဗင်းမိဘတွေပြောပြတာတော့ ဗင်း
ငယ်ငယ်က အိမ်အဟောင်းက မီးလောင်သွားပြီးနောက် ဗင်းတို့ခဏ
ဆင်းရဲသွားကြသေးသည်တဲ့။ ထို့အတွက် ဗင်းတို့အိမ်မီးမလောင်ခင်က
သတ်ဆိုင်သည့် ရုပ်ဝတ္ထုအမှတ်တရဆို၍ ဘာမှမကျန်ခဲ့သည့်အပြင် ဗင်းက
အကြောက်လွန်၍ ထိုကလေးဘဝက
အတိတ်တွေကိုပါ မေ့သွားရသည်။ ဗင်း
ဆေးရုံလည်းအကြာကြီးတက်ခဲ့ရပြီး
သတိရလာတော့ ဝမ်းသာစွာကြိုဆို
နေသည့် ပါးနှင့် မားကို ပထမဆုံးတွေ့
ရတာပင်။ ထို့နောက် ဗင်းဆေးရုံက
ဆင်းတော့ ပါးက အခုအိမ်ကိုခေါ်ခဲ့
ခြင်းဖြစ်သည်။

Dreamy MarriageWhere stories live. Discover now