ဗင်းမျက်ရည်တို့သည် ငှက်မွှေးသွပ်ခေါင်းအုံးဖြူလေးတစ်ခုလုံးကိုအိုင်ထွန်းသွားတော့သည်။ ရင်တစ်ခုလုံး ဆို့နင့်နာကျင်နေရလျက် သူသည်
တစ်သက်နှင့်တစ်ကိုယ် မခံစားခဲ့ဖူးသော နာကျင်မှုတို့က အပြည့်အကျပ်။
အရှင်သည် ခုတင်စွန်းတွင်ထိုင်ကာ ဗင်း
ကို ငေးနေသည်။ အရှင့်မျက်ဝန်းတို့
သည်လည်း မှိုင်းမှိုင်းညှို့ညှို့။"ဒိုရာ လက်မခံချင်လည်းလက်ခံရမဲ့
အမှန်တရားပဲ"အကြာကြီးကြာမှ ဗင်းငိုသံတွေပါးလျ
ခါမှ အရှင့်နှုတ်ထွက်မိန့်ဆိုလာသည်။
ဗင်း လှဲနေရာမှ ဝုန်းခနဲထထိုင်မိသည်။"ဘယ်သူက လက်မခံဘူးပြောလို့လဲ
အရှင်။ ကျွန်တော် လက်မခံနိုင်တာက
အဖြစ်မှန်ကို အကြာကြီး ဖုံးထားတာကို
ပဲ"အရှင် အံ့သြသွားသည်လားမသိ။ အကြည့်တို့က ပြောင်းသွား၏။
"ဟုတ်တယ် အရှင်။ ကျွန်တော်မျိုးတို့
မိသားစုယာဥ်တိုက်မှုမှာ ဆုံးပါးသွားကြ
တယ်ဆိုတဲ့ အဖြစ်ကို ကျွန်တော်လက်
မခံနိုင်ဘူးလို့ ဘာကြောင့်အရှင်ထင်ရတာလဲ""မင်း အဲ့အချိန်က အတိတ်မေ့သွားခဲ့တာလေ။ အဲ့လိုမေ့သွားတဲ့မင်းကို အစ
ပြန်ဖော်ပြီး မင်းမိဘတွေဆုံးသွားတာ။
မင်း အစ်မဆုံးသွားတာဆိုပြီး ကိုယ်
မပြောနိုင်ဘူး ဒိုရာ။ မင်း အရမ်းငယ်
သေးတယ်""အဲ့ဒါနဲ့ပဲ မိသားစုအတုဖန်တီးလိုက်တာ
ပေါ့...""အနည်းဆုံးမင်းပျော်ခဲ့တယ်လေ"
"ဟင့်အင်း"
ဗင်း ချက်ချင်းငြင်းမိသည်။ အရှင်မျက်
မှောင်ကြုတ်သည်။"ကြယ်တွေကရော..."
"ကြယ်တွေက မမှန်ပါဘူး"
အရှင့်နှုတ်ခမ်းနှစ်လွှာဟသွားသည်။
"ဒီနေရာကလေ ဗလာကြီးဖြစ်နေတာ အမြဲပဲဆိုတာ အရှင်ရော မိဘတွေရော
မသိကြပါဘူး"ကလေးငယ်သည်မျက်ရည်တို့ကျကာ ရင်ဘတ်နေရာကို ပုတ်ပြသည်။ မပြော
ပြလိုက်ရင် အကောင်းသားလို့တွေးပေ
မဲ့ နောက်ကျသွားခဲ့ပြီ။ နန်းထိန်းထား
သော ဦးရီးတော်သည် သူမရှိခင်မှာပင်
ဒိုရာဆီသို့ ကြမ္မာဖတ်ဖူးစာလွှာကိုပေး
ဖို့ခဲ့သည်။ ထိုစာလွှာထဲတွင် သူတို့နှစ်ယောက်၏ မွေးနေ့ ၊မွေးချိန်များပါမက
မိသားစု အစဥ်အဆက်သွေးများပါဝင်
သည်။ ထိုသွေးစက်များမှတစ်ဆင့် ကလေးငယ်သည် အတိတ်ဖြစ်ရပ်များ
ကို မှတ်မိသွားခဲ့သည်။ ထို့နောက်တွင်
မှ ဆင့်ပွါးဖြစ်စဥ်များအနေဖြင့် သူဖန်
တီးပေးခဲ့သော မိသားစုအတုကိစ္စကိုပါ
သိသွားခဲ့ခြင်း။