အခန်းတွင်း အင်ကြင်းပန်းနံ့က သင်းတ
မြမြ ၊ မွှေးရှရှ။ ဗင်း နဖူးပေါ်ရောက်ရှိ
လာသော လက်ဖဝါးတော် နုနုနွေးနွေး။
ဆံပင်စတွေကို သပ်တင်ပေးနေသော
ကြင်နာသော အထိအတွေ့။"ဘယ်လိုနေသေးလဲ ဒိုရာ"
ဗင်းကို ဒိုရာဟုခေါ်သောသူက အရှင်တစ်ပါးတည်းသာ။
ဗင်းပြန်လည်ဖြေပေးချင်သော်လည်း
လည်ချောင်းတစ်ခုလုံးကခြောက်သွေ့
လျက်။ အရှင့်၏ ရိုးရှင်းသောဖြစ်တည်
မှုတွင် စကားလုံးသံမဲ့နေသည်။ အရှင်
သည် အဖြူချည်သားလက်ရှည်ပါးလျလျ နှင့် မီးခိုးရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ တွေ့နေမြင်နေကျ
ကဲ့သို့ ဆံပင်တွေကို သေသပ်စွာဖြီးသင်
ထားခြင်းလည်းမရှိ။ ကော်ဖီရောင်ဆံ
ပင်ညိုညိုတွေသည် နဖူးပေါ်ဝေ့ဝဲကျ
နေလျက်..."အရှင်"
"အင်း ကိုယ်ရှိတယ်"
ကိုယ်တော် ဟူ၍ မသုံးနှုန်းဘဲ ကိုယ်ဟု
သာ ရင်းရင်းနှီးနှီးသုံးလာသော အရှင်
ကြောင့် ဗင်းရင်တွေတုန်ရီလာရပြန်၏။"ဗင်းမေ့လဲသွားတာ။ သမားတော်ကတော့ ရာသီစက်ဝန်းနီးလာချိန်မို့
အရာရာက ထိလွယ်ရှလွယ်နေတတ်
တာပါတဲ့"ဗင်းပါးနှစ်ဘက်ရဲခနဲဖြစ်ရသည်။
"ပါးပါးနဲ့ မားရော သိလားဟင်"
"အကြောင်းကြားထားတယ်။ မစိုးရိမ်
ရဘူးဆိုတာလည်း ထပ်ပြောထားပေး
တယ်""စိတ်တော့ပူကြမှာပဲ"
"မပူပါဘူး။ ကိုယ်နဲ့ရှိနေတာပဲ"
သေချာလွန်းနေသော အရှင့်ကို ဗင်း
မော့ကြည့်မိသည်။ အရှင်သည် နူးညံ့
စွာပြုံးရင်း ဗင်း၏ ခေါင်းကို ဖွဖွပုတ်
ပေးနေသေး၏။ ဘယ်လိုပဲကြင်နာနေ
စေဦးတော့...မိဘဖြစ်သည့် ပါးနှင့်မား
ကို တွေ့ချင်သေးသည်။ ဗင်းက ဘိသိတ်ပွဲ မကျင်းပရသေးသ၍ နန်းတော်
နှင့် အိမ်အဆက်အဆံလုပ်လို့ရသေး
သည် မဟုတ်ပါလား။"ပါးနဲ့ မားကရော ဗင်းကို မတွေ့ချင်
ဘူးတဲ့လား"အရှင်မျက်မှောင်ကျုံ့သွားသည်။