နေခြည်နွေး၍လင်းသော အေးငွေ့ရှိနေ
သော မနက်ခင်းတစ်ခုတွင် ဗင်းတို့အိမ်
ရှေ့ မြင်းဖြူခြောက်ကောင် ဆွဲသော ရထားလုံးတစ်စီးဆိုက်ရောက်လာခဲ့
သည်။သည်လိုနေ့အတွက်သူတို့မိသားစုဟာ
လွန်ခဲ့သော ရက်သတ္တပတ်တည်းက
စောင့်ဆိုင်းနေခဲ့ရတာ။ စောင့်ဆိုင်းခြင်း
က တစ်ဖက်သတ်တော့ဆန်ရဲ့...
တော်ဝင်ရွှေချိပ်တံဆိပ်ထုနှိပ်ထားသောစာတစ်စောင်ရောက်လာချိန်တွင် ပါးရော မားပါ မက ဗင်းပါ ဒူးထောက်၍
အမိန်ပြန်တမ်းကိုကြားနာရသည်။ပြန်တမ်းစာရိုးရှင်းတိုတောင်းလွန်းသည်။
ဗင်းကို အိမ်ရှေ့စံနန်းတော်ဆောင်မှ
တော်ကောက်လိုက်ပြီဖြစ်ကြောင်း...
အမိန့်စာပြန်ကြားသူမှာ အိမ်ရှေ့စံ
ဂေဘရီရယ်သခင်ငယ် ကိုယ်တိုင်ဖြစ်
ကြောင်းပါရှိသည်။မိဘများက သူတို့စောင့်ဆိုင်းနေရသော
အမိန့်တစ်ခုကိုကြားနာရသလို မထူးဆန်းပေမဲ့ ဗင်းအတွက်က တုန်လှုပ်
ခြင်းတို့ ဖြစ်တည်ရသည်။ ကိုယ်နှင့်
တခါမျှပင် မဆုံကြုံဖူးသော သူနှင့်လက်ဆက်ရမည်။ ဒါတောင် ဘိသိတ်
ခံကာ လက်ဆက်ရခြင်းမျိုးတောင်
မဟုတ်။ တော်ကောက်ခြင်းဆိုသည့်
စကားလုံးအဆင့်က နိမ့်ပါးနေသေး၏။"ကျွန်တော် ငြင်းလို့ရလား ပါးပါး"
ပါးပါးခေါင်းခါသည်။ မားမားက ဗင်း
ကိုဖက်၍ ငိုသောအခါ"ဒါဝမ်းနည်းစရာကိစ္စမဟုတ်ဘူးလေ"
ဟု ပါးပါးက လေသံတိုးတိုးဖြင့်ဝင်
ပြောသည်။ထိုနေ့မှစ၍ ဗင်းသည် နန်းတော်မှလာ
ခေါ်မည့်နေ့ကို စောင့်နေရတော့၏။
ဗင်း အိမ်ရှေ့စံကို အခါများစွာမြင်တွေ့
ဖူးပါသည်။ ဖန်သားပြင်ပေါ်မှတစ်ဆင့်
ပေါ့။
နန်းထိန်းထားသော ဦးရီးတော်သည်
တစ်ဦးတည်းသော တော်ဝင်သွေးစက်
သခင်ငယ်ကို ယခုထိနန်းမလွှဲပေးခွင့်
မရသည့် အကြောင်းရင်းက အိမ်ရှေ့
ဆန်တွင် ကြင်ယာမရှိခြင်းကြောင့်ဖြစ်
သည်။ ညာခြေတစ်ဖက် ထိခိုက်ခဲ့သော
အိမ်ရှေ့စံသည် ပြည်သူတွေနှင့်ထိတွေ့
သော်လည်း ဖန်သားပြင်ရုပ်ပုံလွှာကို
တော့ဖြင့် ရှောင်ရှားလေ့ရှိသည်။ မဖြစ်
မနေတက်ရသော တော်ဝင်အခမ်းအနား
တွေမှာမှသာ အိမ်ရှေ့စံကိုမြင်တွေ့ဖူး
တွေ့ခွင့်ရကြသည်။ နန်းဆက်ပုလ္လင်
ပေါ်မစံမြန်းသေးသည့်တိုင် သူတို့နိုင်ငံ
၏ အမြင့်ဆုံးငွေကြေးတွေ ပုံနှိပ်ဖော်
ပြထားခံရသော အိမ်ရှေ့စံ၏ ရုပ်သွင်
သည်က တည်တည်ငြိမ်ငြိမ်။ အခါများ
စွာတိုင်းလည်း ထိုကဲ့သို့ပင်။ အိမ်ရှေ့စံ
ပြုံးတတ်ပါသည်လားဟုပင် ဗင်းပါမက ပြည်သူများက တွေးကြသည်။
သို့သော် အိမ်ရှေ့စံ၏ ကြင်နာနွေးထွေး
မှုကိုတော့ အားလုံးအသိအမှတ်မပြုဘဲ
မနေနိုင်။