ep-(1)

1.8K 46 7
                                    

ဒီနေ့ကလည်း ထုံးစံအတိုင်း သူရဲ့ပုံမှန်နေ့ရက်ကြီးကို ဖြတ်သန်းရအုန်းမှာပင်။

"သား ချန်းယောင်း ထတော့! စာကြည့်တိုက်ကို သွားရအုန်းမယ်မလား သားလေး ထထအောက်မှာ မင်းအဖေစောင့်နေတယ် မနက်စာစားဖို့ ထတော့ ထတော့"

တကယ်က ချန်းယောင်း နိုးနေတာကြာပြီပင် ဒီတိုင်း မထချင်သေး၍ အီနေခြင်းသာ။

သူ့မှာအမေ သတိထားမိမှာဆိုး၍ တဟင်းဟင်းနဲ့ အကြောဆန့်ရင်း "ဟုတ် အမေ ထပြီ ကျွန်တော်ဆင်းလာခဲ့ပါ့မယ်" ချန်းယောင်းအမေ့ကို တံခါးပေါက်ဆီ လိုက်ပို့ရင်း ရေချိုးခန်းထဲ ဝင်ပြီး သူရဲ့ ပုံစံခွက်ထဲမှာရှင်သန်နေရတဲ့ ဘဝကြီးကို တွေးတောနေခဲ့မိသည်။

ရေချိုးပြီး သူရဲ့တနေ့တာကို စတင်ဖို့ hoodie အနက်ရောင်နဲ့ အောက်က jean pant အပြာလေးကို စွတ်လိုက်သည်။ပြီးတာနဲ့ သူ့လွယ်အိတ်လေးထဲကို လိုအပ်တဲ့ ပစ္စည်းလေးတွေ ထည့်ပြီး စာကြည့်မျက်မှန် အမဲလေးကိုတပ်လိုက်သည်။ သူက မျက်လုံးဝါးနေတာမဟုတ်ဘဲ ဒီတိုင်း စာတွေကြည့်ရင် မျက်လုံးကို အမြဲအကာတစ်ခုခုထားကာ စာလုပ်လေ့ရှိတာကြောင့် မျက်မှန်ကို အမြဲတပ်လေ့ရှိနေသည်ပင်။

သူအောက်ထပ်ကို ဆင်းခါနီး သူအတွက် အဖော်လို့ပင် ‌ခေါ်လို့ရသည့် ပစ္စည်းတစ်ခုကို သတိရကာ ပြန်တက်ယူရသေးသည်။ headphones သူ့တွက် ပုံမှန်လိုဖြစ်နေသည့် နေထိုင်မှုကြီးထဲ စိတ်ထွက်ပေါက်တစ်ခုပင်။ တွေးလက်စတွေကို လက်စသက်သာ မြန်မြန်ဆန်ဆန်ပဲ headphones ကိုယူကာ အောက်ကို ဆင်းတော့သည်။

မနက်စာစားရန် မီးဖိုချောင်ထဲ ဝင်လိုက်သည့်နဲ့ ပထမဆုံးတွေ့လိုက်ရသည်။ စားပွဲထိပ်တွင် ထိုင်ကာ သတင်းစာဖတ်နေသည့် အဖေကိုပင်။

ချန်းယောင်း လေသံအေးအေးလေးနဲ့ပဲ"အဖေ နိုးတာကြာပြီထင်တယ်" လို့ပြောကာ စားပွဲမှာဝင်ထိုင်လိုက်သည်။ သူထိုင်တာတွေ့တာ အမေကပါ ဝင်ထိုင်ပြီး မနက်စာလို့ခေါ်သည့် အရာကိုစစားနေရတော့သည်။

"ချန်းယောင်း သားမင်းနောက်အပတ် အထက်တန်း နောက်ဆုံးစာမေးပွဲမလား မင်းပြီးရင် ဘယ်မေဂျာတက်မယ် စဉ်းစားထားလဲ" အဖေဟာ မသိတဲ့အတိုင်းသူ့ကို ချောင်ပိတ် မေးခွန်းတွေစတင်မေးတော့သည်။

𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]Where stories live. Discover now